ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို မတရားဖိနှိပ်တိုက်ခိုက်ဖြိုခွင်းနေတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ဘက်လေယာဉ်တွေကို ပစ်ချနိုင်ရေးအတွက် Project Dragonfly အမည်နဲ့ အလှူငွေတွေ ကောက်ခံခဲ့ရာမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ သန်းကျော် စံချိန်တင် ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
Click2donate နဲ့ ပန်ဆယ်လိုတို့ ဦးဆောင်ကောက်ခံနေတဲ့ ဒီပရောဂျက်မှာတော့ စတင်တဲ့ ပထမ ၂ ရက်အတွင်းမှာတင် သိန်းထောင်ချီရရှိခဲ့တာဖြစ်ပြီး လူမဆန်စွာ လေကြောင်းကနေ တိုက်ခိုက်တာတွေ ပြုလုပ်နေတဲ့ တိုက်လေယာဥ်၊ ရဟတ်ယာဉ်တွေကို ပစ်ချနိုင်ဖို့ ၁၀ ရက်အတွင်း ကနဦးအမေရိကန်ဒေါ်လာ ၆ သိန်းခွဲစုဖို့ နိုင်ငံအသီးသီးမှာ နေထိုင်သူတွေဆီက အလှူခံခဲ့တာ ဖြစ်ပါတယ်။
“ကျနော်တို့ရဲ့ Dragonfly project ရဲ့ စုစုပေါင်းရငွေကတော့ USD 2.2Million ဖြစ်ပါတယ်ခင်ဗျာ။ အနည်းငယ်တိတိကျကျပြောရရင် USD 2,259,126 ဒေါ်လာဖြစ်ပါတယ်ခင်ဗျာ။ 2.2million ကို ဒေါ်လာခြောက်သောင်း(သိန်းတစ်ထောင့်နှစ်ရာ)လောက်တောင် ပိုပါသေးတယ်ခင်ဗျာ။ အစွန်းထွက်တွေနဲ့ လုံးဝအတိအကျကတော့ ငွေလွှဲတဲ့ကိစ္စတွေပြီးမှပဲ ထပ်မံထုတ်ပြန်ပါ့မယ်ခင်ဗျာ။” လို့ Click2donate က ပြောပါတယ်။
လေယာဥ်ပစ် လက်နက်ဝယ်ယူဖို့ မျှော်မှန်းထားတဲ့ အစီအစဉ်မှာတော့ အမေရိကန်၊ ကနေဒါ၊ ယူအေအီး၊ ဩစတေးလျ၊ ဂျပန်၊ စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းစတဲ့ နိုင်ငံတွေမှာ နေထိုင်ကြသူတွေဆီက အလှူငွေ တွေ ကောက်ခံခဲ့တာဖြစ်ပြီး ရက်ပိုင်းအတွင်းမှာတင် ကနဦးမျှော်မှန်းထားတဲ့ ပမာဏထက် ကျော်လွန်ရရှိခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံအလိုက် ကောက်ခံရရှိမှုပမာဏတွေထဲမှာတော့ စင်ကာပူနိုင်ငံက ၅၂ ဒသမ ၄ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်နေပြီး သူ့နောက်မှာတော့ အမေရိကန်၊ ကိုရီးယား၊ ထိုင်း၊ ဂျပန်န်စတဲ့ နိုင်ငံတွေက အစဉ်လိုက် ရှိနေတာ ဖြစ်ပါတယ်။
ပန်ဆယ်လိုကတော့ “ဒါဟာ တစ်ဦးတစ်ယောက်တည်း၊ နှစ်ဦးနှစ်ယောက်တည်းရဲ့ အင်အားမဟုတ်ပါဘူး။ နိုင်ငံအသီးသီးက ငွေကြေးကိုယ်တွယ်စီမံပေးကြသူများ၊ ငွေကူစုပေးကြ လှုံ့ဆော်ပေးကြသူများနဲ့ စိတ်အားထက်သန်မှုအပြည့် ထည့်ဝင်ခဲ့ကြတဲ့ ပြည်သူတစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းရဲ့ အင်အားတွေပါပဲ။ ငုံ့မခံဘူး၊ တုံ့ပြန်ကြမယ်။ ငါတို့က လေထဲမှာ၊ ငါတို့ကို ဘယ်သူမှ ထိလို့မရဆိုတဲ့ စိတ်လွတ် လပ်မှုမျိုးကို နည်းနည်းမှ ထပ်မပေးနိုင်တော့ဘူး ဆိုတာပဲ။ ကင်မယ်။ ကင်ကိုကင်မယ်။”
ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို မတရားဖိနှိပ်တိုက်ခိုက်ဖြိုခွင်းနေတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ဘက်လေယာဉ်တွေကို ပစ်ချနိုင်ရေးအတွက် Project Dragonfly အမည်နဲ့ အလှူငွေတွေ ကောက်ခံခဲ့ရာမှာ ၆ ရက်အတွင်း အမေရိကန်ဒေါ်လာ ၁ သန်းကျော် ရရှိထားခဲ့တယ်လို့ သိရပါတယ်။
Click2donate နဲ့ ပန်ဆယ်လိုတို့ ဦးဆောင်ကောက်ခံနေတဲ့ ဒီပရောဂျက်မှာတော့ စတင်တဲ့ ပထမ ၂ ရက်အတွင်းမှာတင် သိန်းထောင်ချီရရှိခဲ့တာဖြစ်ပြီး လူမဆန်စွာ လေကြောင်းကနေ တိုက်ခိုက်တာတွေ ပြုလုပ်နေတဲ့ တိုက်လေယာဥ်၊ ရဟတ်ယာဉ်တွေကို ပစ်ချနိုင်ဖို့ ၁၀ ရက်အတွင်း အမေရိကန်ဒေါ်လာ ၆ သိန်းခွဲစုဖို့ နိုင်ငံအသီးသီးမှာ နေထိုင်သူတွေဆီက အလှူခံနေတာ ဖြစ်ပါတယ်။
“PROJECT DRAGONFLY ဟာ အခုဆိုရင် ကျနော်တို့ ပထမ ထားခဲ့တဲ့ target ပမာဏကို ကျော်လွန်သွားခဲ့တာ day 3 ကတည်းက ဖြစ်ပါတယ်ခင်ဗျာ။ ပြည်သူတွေရဲ့ ပြင်းပြတဲ့စိတ်တွေ ပြည်သူတွေရဲ့ နာကျည်းတဲ့ စိတ်တွေဟာ ဒီပရောဂျက်မှာ ထပ်မံသက်သေပြခဲ့ကြပါတယ်ခင်ဗျာ။ ကျနော်နဲ့ အစ်မပန်ဆယ်လိုတို့ ပိုက်ဆံပြည့်တဲ့ရက်က တိုင်ပင်ကြတယ်၊ ဒီအရှိန်ကို ဆက်ထိန်းထားပြီး ကျနော်တို့ နှစ်ဆအထိ ရအောင် ကြိုးစား ကြမလားဆိုပြီးပေါ့.. အစ်မကလည်း သဘောတူတာနဲ့ ကျနော်တို့ ဆက်ပြီး ကြိုးစားခဲ့ကြပါတယ်။ ဒီလောက်လွယ်ကူစွာနဲ့ နိုင်ငံစုံက လှူခွင့်ရတုန်းလေး ဆက်စုကြမယ်ဆိုပြီး စုလိုက်ကြတာ အခုဆိုရင် ဒေါ်လာ 1million ကိုပါ ကျော်ဖြတ်နိုင်ခဲ့ပါပြီ” လို့ Click2donate က ပြောပါတယ်။
လေယာဥ်ပစ် လက်နက်ဝယ်ယူဖို့ မျှော်မှန်းထားတဲ့ အစီအစဉ်မှာတော့ အမေရိကန်၊ ကနေဒါ၊ ယူအေအီး၊ ဩစတေးလျ၊ ဂျပန်၊ စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းစတဲ့ နိုင်ငံတွေမှာ နေထိုင်ကြသူတွေဆီက အလှူခံနေတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဒီပရောဂျက်ပြီးမြောက်ဖို့ အချိန် ၄ ရက်ကျန်နေသေးတာမို့ ပြည်သူတွေရဲ့ တော်လှန်ရေးအင်အားနဲ့ အရင်က မျှော်မှန်းပမာဏ အမေရိကန်ဒေါ်လာ ၆ သိန်းခွဲရဲ့ ၂ ဆ ဖြစ်တဲ့ ၁ သန်းခွဲထိ ရရှိနိုင်ဖို့ ဆက်လက်ပြီးတော့ ကောက်ခံနေတာလို့ ပန်ဆယ်လိုက ပြောပါတယ်။
“မူရင်း Target USD ၆သိန်းခွဲကနေ 1 Million ဆိုရင်ရော။ နိုး… နိုး… Day 6 မှာ 1 Million ပြည့်သွားပြီဆိုတာလေး ကြေညာပါရစေ။ ဒါဆို မူရင်း Target USD ၆ သိန်းခွဲကနေ 1 Million ပြည့်သွားပြီဆိုတော့ နှစ်ဆကင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ 1.2 Million ဆိုရင်ရော။ ဒီ့ထက်ပိုပြီး အလက်တွေထက် အဖူးတွေအတွက်ပါ ရည်ရွယ်ပြီး 1.5 Million ဆိုရင်ရော။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ မျှော်လင့်ကြည့်ပါမယ်။ ဒီပြည်သူရဲ့ အင်အားကို ယုံကြည်ပြီး ကျွန်မတို့ရဲ့ Target ကို တိုးမြှင့်လိုက်ပါပြီ။ ရရှိလာတဲ့ ထောက်ပို့ငွေတွေကို အဖိတ်အစင်မရှိ ငှက်ကင်ဖို့ ပေးပို့သွားပါမယ်။ အချိန်အတိုင်းအတာတစ်ခုရောက်တာနဲ့ သက်သေသာဓကနဲ့ အားလုံးကို အသိပေးမှာ ဖြစ်ပါတယ်။”