close

စစ်ကောင်စီ ဝန်ကြီးလမ်းကြောင်း

close

November 15, 2021

ပုသိမ်-ချောင်းသာ ကားလမ်းတွင် စစ်ကောင်စီဝန်ကြီးလမ်းကြောင်း ပစ်ခတ်ခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ နိုဝင်ဘာ ၁၅ ရက်နေ့ ညနေပိုင်းက ပုသိမ် - ချောင်းသာ ကားလမ်းမှာ  ချောင်းသာဘက်ကနေ ပုသိမ်ကိုပြန်လာတဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ဒုဝန်ကြီး တဦးလိုက်ပါလာတဲ့ ယာဉ်တန်း သေနတ်နဲ့ဝိုင်းပစ်တာခံခဲ့ရတယ်လို့ သိရပါတယ်။

ခြောက်ကောင်ကျေးရွာအနီး တောင်သာယာကုန်းနားမှာ ညနေ ၃ နာရီလောက်က စစ်ကောင်စီရဲ့ ကား ၈ စီးနဲ့ လာတဲ့ ဒုဝန်ကြီးယာဉ်တန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ 

“ တိုက်ပွဲဖြစ်တဲ့ပုံစံမျိုး သေနတ်သံတွေ အများကြီးကြားရတယ်။ စစ်သားတော်တော်များများထိတယ်။ သိပ်တော့ မကြာလိုက်ဘူး။ လာပစ်တဲ့အဖွဲ့က ပြန်ဆုတ်သွားတယ်”လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ ယာဉ်တန်းဟာ ဟိုတယ်ခရီး ဒုဝန်ကြီး လမ်းကြောင်းဖြစ်ကြောင်းနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက်  စစ်ကောင်စီတပ်သား ၁၀ ယောက်လောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောဆိုပေမယ့် ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

စစ်ကောင်စီတပ်သားတွေ အထိနာပြီးနောက်ပိုင်း ည ၅ နာရီလောက်ထိ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့ ကျေးရွာနဲ့ အနီးတဝိုက်ကို စစ်ကားနဲ့ ရဲကား ၄၀ လောက် ဆင်းသွားပြီး ပိတ်ဆို့ထားကာ  ဒေသခံတချို့ကို  ဖမ်းဆီးစစ်ဆေးနေတယ်လို့  ဆိုပါတယ်။

ကန်ကြီးထောင့်မြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက်ပိုင်း ဧရာဝတီတိုင်းမှာ ခုဖြစ်စဉ်ဟာ ဒုတိယအကြိမ်မြောက် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

1 min Ago
Up