close

စစ်ကောင်စီ အမြန်ရေယာဉ်

close

May 5, 2022

ဆားလင်းကြီးတွင် စစ်ကောင်စီရိက္ခာတင် အမြန်ရေယာဉ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ ချင်းတွင်းမြစ်ရိုးအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီရိက္ခာတင် အမြန်ရေယာဉ်တစီးကို တိုက်ခိုက်ခဲ့ပြီး အသေအပျောက်ရှိနိုင်တယ်လို့ One Star Task Force က ထုတ်ပြန်ပါတယ်။

စစ်သားနဲ့ ပျူစောထီး အင်အား ၅ဝ လောက်ပါတဲ့ ရိက္ခာတင် အမြန်ရေယာဥ်ကို မနေ့ နေ့လယ်ပိုင်းက One Star Task Force, Salingyi GZ, မြန်မာချေဂွေဗားရားနဲ့ တခြားမဟာမိတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာပါ။

“တိုက်ပွဲက နာရီဝက်လောက်ကြာတယ်။ သူတို့ဘက်က အသေအပျောက်ရှိပေမယ့် အတိအကျမသိရသေးဘူး။ ကျနော်တို့အဖွဲ့တွေ အားလုံးပေါင်းပြီးမှ မောင်းပြန်က တလက်ပဲရှိတယ်။ ဒါတောင် ရသမျှရန်ပုံငွေတွေပေါင်းပြီး မကြာခင်ကမှ ဝယ်ထားတာ။ Second ကို သိန်း ၁၀၀ လောက်ပေးရတယ်။ တကယ်ရင်ဆိုင်တိုက်ပွဲတွေအတွက် ကျနော်တို့မှာ မောင်းပြန်တွေလိုအပ်နေပါတယ်”လို့ One Star Task Force ရဲ့ တာဝန်ခံ ဗိုလ်ကျော်ကြီးက ပြောပါတယ်။

တချို့တိုက်ပွဲတွေအတွက် ပူးပေါင်းတိုက်ခိုက်ရာမှာ လက်လုပ်လက်နက်ရှိတဲ့အဖွဲ့တွေ မပါဝင်နိုင်ဘဲ စက်ရုံထုတ်လက်နက်ရှိတဲ့အဖွဲ့တွေပဲ ပါဝင်ကြရတာလည်းရှိတယ်လို့ သူက ပြောပါတယ်။

မနေ့က တိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တယောက် ၄၀-မမ ဗုံးသီးအဆန်မှန် ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရဘူးလို့လည်း ဆိုပါတယ်။

1 hour Ago

November 22, 2021

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီအမြန်ရေယာဉ် လက်နက်ကြီးဖြင့် အပစ်ခံရ

စစ်ကိုင်းတိုင်း မုံရွာအလုံဆိပ်ကမ်းကနေ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီ အမြန်ရေယာဉ်တစ်စီးနဲ့ speed boat တစ်စီးကို ဘုတလင်မြို့နယ် အင်တောဆိပ်ကမ်းနဲ့ နုန်းတောဆိပ်ကမ်းကြားမှာ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၅ နာရီလောက် ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကျနော်တို့ ဒီကောင်တွေ တက်လာ‌တဲ့သတင်း အတိအကျရတာနဲ့ ပစ်ကွင်းထဲ ရောက်တာနဲ့ လက်နက်ကြီး ၅ လုံးနဲ့ ပစ်ခတ်ခဲ့တယ်။ သူတို့ဘက်က အကျအဆုံးကတော့ မသိရဘူးဗျ။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး။ ဒါပေမဲ့ ဒီကောင်တွေက သူတို့အပစ်ခံရလို့ ရွာတွေကို လက်နက်ကြီးနဲ့ ပြန်ပစ်တာတွေတော့ ရှိတယ်။ ဘာတွေ ပျက်စီးမယ်လို့တော့ မသိရသေးဘူး”လို့ ဘုတလင်ပြည်သူကာကွယ်ရေးအဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီအမြန်ရေယာဉ်ကို ဘုတလင်ပြည်သူ့ကာကွယ်ရေးက ပစ်ခတ်ခဲ့ရုံသာမက ကနီပြည်သူ့ကာကွယ်ရေးတပ်ကလည်း ပစ်ခတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ 

အဆိုပါပစ်ခတ်ခံရတဲ့ စစ်ကောင်စီအမြန်ရေယာဉ်ဟာ ဒေသခံ ကနီ၊ ဘုတလင် ကာကွယ်ရေးတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အထက်ကို ဆန်မတက်နိုင်ဘဲ ဘုတလင်ညောင်သူများ ကျေးရွာအနီး ရေလယ်ကောင်မှာ ကျောက်ချပြီး မုံရွာဘက်က စစ်ကူလာမယ့် အမြန်ရေယာဉ်ကို စောင်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။ 

တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်က အထိအခိုက်များရှိနေပြီး အရေအတွက်ကတော့ အတိအကျမသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

5 months Ago
Up