close

စစ်ကျန်ဗုံးသီးဟောင်း

close

September 20, 2021

မိတ္ထီလာတွင် စစ်ကျန်ဗုံးသီးအဟောင်း တွေ့ရှိ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ ရတနာမာရ်အောင်ရပ်ကွက် နယ်မြေ (၁) မှာ စက်တင်ဘာ ၁၉ ရက်မနက်က ရေဆိုးမြောင်း ရှင်းလင်းရာမှာ ဒုတိယကမ္ဘာစစ်ကျန် သံချေးတက်နေတဲ့ ဗုံး တွေ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အိမ်ဝိုင်းဘေးက ရေဆိုးမြောင်း ပိတ်နေတာကို အမျိုးသမီးတစ်ဦးက ရှင်းလင်းတာ သံချေးတက်နေတဲ့ စစ်ကျန်ဗုံးတစ်လုံးတွေ့တာပါ။ သက်ဆိုင်ရာကို အကြောင်းကြားပြီး အပ်လိုက်ကြတယ်” လို့ ပြောပါတယ်။ 

ရေဆိုးမြောင်းဘေးက လုံးပတ် ၁၀ လက်မ အရှည် ၁၁ လက်မလောက်ရှိတဲ့  သံချေးတက် ဗုံးသီးအဟောင်းကို သက်ဆိုင်ရာက လာရောက်သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

12 mins Ago

October 9, 2020

မိတ္ထီလာ ခရိုင်စိုက်ပျိုးရေးရုံးရေစင်အနီး စစ်ကျန်ဗုံးသီးဟောင်း ၇ လုံးတွေ့

မန္တလေးတိုင်း၊ မိတ္ထီလာမြို့  ခရိုင်စိုက်ပျိုးရေးရုံး ရေစင်အနီး ဝက်လံတောအပင်များကြားမှာ အောက်တိုဘာ ၈ ရက်က  စစ်ကျန်ဗုံးသီးဟောင်း ၇ လုံး တွေ့ရှိတယ်လို့       မိတ္ထီလာမြို့မရဲစခန်း ရဲအုပ်ဇော်လတ်မျိုးက ပြောပါတယ်။ "ပေါက်ချောင်းကန်ပတ်လမ်းဘက် ရေစင် ၂ ခုကြားမှာ တွေ့တာ။ ဝက်စာအတွက် ဝက်လံပင်ခုတ်တဲ့သူက တွေ့တာပါ။ ဗုံးသီး ၇ လုံးတွေ့တယ်။ ဂျပန်ခေတ်က ကျန်ခဲ့တယ်လို့ ပြောကြတယ်။ စစ်မြေပြင်အင်ဂျင်နီယာတပ်ကို လွှဲပြောင်းပေးလိုက်ပြီ" လို့ ပြောပါတယ်။ အလျား ၁၇ လက်မ၊ လုံးပတ် ၁၁ လက်မ ရှိတဲ့ ဗုံးသီး ၄ လုံးနဲ့ အလျား ၁၅ လက်မ၊ လုံးပတ် ၁၀ လက်မရှိတဲ့ ဒလက်ပါ ဗုံးသီး ၃ လုံး တွေ့ရှိခဲ့တာပါ။ ဗုံးသီး ၇ လုံးကို အမှတ် (၉၁၁) ခွဲ (၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ကို စနစ်တကျ လွှဲပြောင်းပေးလိုက်တယ်လို့ သိရပါတယ်။ သတင်း/ဓာတ်ပုံ-မောင်မောင်လင်း
12 months Ago
Up