close

စစ်ကျွန်ပညာရေးဆန့်ကျင်သပိတ်မှောက်

A d v e r t i s e m e n t With Us

close

May 25, 2021

ဆားလင်းကြီးမြို့နယ် ရွာသာ​ကျေးရွာတွင် စစ်ကျွန်ပညာရေးဆန့်ကျင်သပိတ်မှောက်

စစ်အာဏာရှင်ဆန့်ကျင်​ရေးနဲ့ အကြမ်းဖက်စစ်​ကောင်စီက ဖွင့်လှစ်မယ့် စစ်ကျွန်ပညာရေးကို ဆန့်ကျင်ကန့်ကွက်တဲ့အ​နေနဲ့ ​ကျောင်းသား မိဘဆရာ စု​ပေါင်းပြီး စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ရွာသာ​ကျေးရွာမှာ ​​ကျောင်းမတက်နဲ့​ကျောင်းပျက်သပိတ်ကို မေလ ၂၅ ရက်​နေ့က ပြုလုပ်ခဲ့ကြပါတယ်။

​CDM မှာပါဝင်တဲ့ ဆရာ/ဆရာမ​တွေကို အကြမ်းဖက်စစ်​ကောင်စီခန့် ပညာ​​ရေးမှူး​​တွေက အမျိုးမျိုးဖိအား​ပေး​နေတဲ့အပြင် အ​ရေးယူနိုင်တဲ့ပုဒ်မ​တွေနဲ့ ခြိမ်း​ခြောက်တာ​တွေရှိ​နေတယ်လို့ ဆန္ဒဖော်ထုတ်ပွဲမှာပါဝင်တဲ့ CDM ​ကျောင်းဆရာမတစ်ဦးက​ပြောပါတယ်။

ဘယ်​လောက်ပဲ ခြိမ်း​ခြောက်​ပါ​စေ မိမိတို့​ရွေးချယ်လုပ်​ဆောင်မှုကို​နောင်တမရပဲ အဆုံးထိ CDM လုပ်သွားမှာဖြစ်ကာ စစ်အာဏာရှင် ​အပြီးတိုင်ချုပ်ငြိမ်းသည်အထိ တော်လှန်သွားမယ်လို့လည်း ဆန္ဒပြတဲ့ ဆရာဆရာတွေက ​ပြောပါတယ်။

ဆန္ဒပြပွဲဟာ အင်အား ရာချီပါဝင်ပြီး လမ်း​လျှောက်သပိတ်နဲ့ ရွာသာ​ကျေးရွာ အ​ခြေခံပညာမူလတန်း​ကျောင်းဝင်း​ရှေ့မှာ ထိုင်သပိတ်တို့ကိုပြုလုပ်ခဲ့သလို Paper Strike သပိတ် လည်း လုပ်​ဆောင်ခဲ့ကြပါတယ်။

လက်ရှိအချိန်ထိ ရွာသာ​ကျေးရွာ အ​ခြေခံပညာမူလတန်း​ကျောင်းမှာ ​ကျောင်းအပ်လက်ခံမယ့် ဆရာ ဆရာမ လာ​ရောက်တာမရှိ​သေးသလို ​မိဘ​တွေကလည်း မိမိတို့သားသမီးတွေကို ​ကျောင်းအပ်မှာမဟုတ်ကြောင်းနဲ့  ကျောင်းသား ​ကျောင်းသူ​လေးတွေကလည်း ​ပညာသင်ယူမှာမဟုတ်ဘူးလို့ ​ပြောပါတယ်။

5 mins Ago
Up