close

စစ်ကွင်းရဲစခန်း

close

June 28, 2021

စစ်ကွင်းရဲစခန်းတွင် ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရသူ ၂၇ ဦးတွေ့ရှိ

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် စစ်ကွင်းမြို့ရှိ ရဲစခန်းကို ဒီကနေ့ နေ့လယ်ပိုင်းက ကိုဗစ် ၁၉ စစ်ဆေးရာမှာ ရောဂါကူးစက်ခံရသူ ၂၇ ဦးတွေ့ရှိတယ်လို့သိရပါတယ်။

''ရဲစခန်းဝန်းအတွင်းနေထိုင်သူ ၄၄ ဦးကို RDT စနစ် ရောဂါပိုးစစ်ဆေးတော့ ရဲဝန်ထမ်း ၈ ဦး၊ အချုပ်သားအမျိုးသား ၁၃ ဦး၊ အချုပ်သား အမျိုးသမီး ၅ ဦးနဲ့ ပြင်ပက ၁ ဦး စုစုပေါင်း ၂၇ ဦး တွေ့ရှိခဲ့တယ်'' လို့ မြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မင်းလှမြို့နယ်မှာ ဇွန်လ ၂၈ ရက်နေ့အထိ အတည်ပြုလူနာ ၁၇၅ ဦး ရှိပြီဖြစ်ပြီး စစ်ကွင်း အ.ထ.က ကျောင်းကိုလည်း ယာယီပိတ်လိုက်ပေမယ့် မင်းလှမြို့ပေါ်ရှိ အခြေခံပညာကျောင်းတွေနဲ့ ကျေးရွာတွေက မူလတန်းကျောင်းတွေကတော့ ဖွင့်လှစ်သင်ကြားနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

12 hours Ago
Up