close

စစ်ခေါင်းဆောင် နေအိမ် ရောင်းချမှု

close

June 23, 2022

စစ်ခေါင်းဆောင်၏ အင်းယားလမ်းနေအိမ် ရာခိုင်နှုန်း ၈၀ ရှယ်ယာရောင်းချထားပြီးဟု NUG ပြော

အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အင်းယားလမ်း နေအိမ်ကို NUG အစိုးရက  ရောင်းချနေရာမှာ လတ်တလောအချိန်ထိ အမေရိကန်ဒေါ်လာ ၈ သန်းဖိုး၊ ရာခိုင်နှုန်း ၈၀ ထိ ရှယ်ယာရောင်းချထားရပြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ ရန်ကုန်မြို့၊ အင်းယားလမ်းက နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ရှိပေမဲ့ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၁၀ သန်း တန်ဖိုးဖြတ်ပြီး NUG က ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ပြီး အစုရှယ်ယာ ၁ သိန်းတိတိ ရောင်းချနေတာပါ။

ဒါဟာ အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်ရဲ့ ကနဦးခြေလှမ်း ဖြစ်တယ်လို့လည်း NUG အစိုးရ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။

“တော်လှန်ရေးဟာ သွေး ချွေး မျက်ရည်တွေနဲ့ပဲ ရှေ့ကို တလှမ်းချင်း တက်နေရတုန်းပဲ။ ပြည်သူတွေ ဆုံးရှုံးခဲ့ရ၊ ပေးဆပ်ခဲ့ရတာတွေကို ဘယ်လို ပြန်တုန့်ပြန်မလဲ။ အကြမ်းဖက်ခေါင်းဆောင် မတရားရယူထားတဲ့ ၁၄ အင်းလျားရဲ့ EOD ရှယ်ယာနဲ့ ပြန်သိမ်းပါ။ ရရှိတဲ့ ရောင်းရငွေတွေဟာ တော်လှန်ရေး အတွက် အလိုအပ်ဆုံး နေရာတွေကို အမြန်ဆုံး ရောက်သွားဖို့ EOD က အာမခံပါတယ်။ တော်လှန်ရေးအတွက် အထောက်အပံ့ များများမြန်မြန်ရလေ တော်လှန်ရေး အောင်မြင်ဖို့ မြန်လေ၊ ပြည်သူတွေရဲ့ သွေး ချွေး မျက်ရည်တွေ ရင်းနှီးရတာ နည်းလေပါပဲ။ ၁၄ အင်းလျားဟာ ၂၀ ရာခိုင်နှုန်း ခန့်သာ ကျန်ပါတော့တယ်။ EOD ရှယ်ယာများကို ဝယ်ယူပြီး ပြည်သူပိုင် ခြံအဖြစ် အမြန်ဆုံး သိမ်းပိုက်ကြပါစို့။” လို့ The End of Dictatorship-EOD က ပြောပါတယ်။

ဒါ့အပြင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီခေါင်းဆောင်တွေ မတရားပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ ခြံအမှတ် ၁၄ က မြေနဲ့အဆောက်အအုံကို ကြိုတင်ရောင်းချနိုင်ရေး ပြည်သူ့ဆန္ဒကောက်ယူတဲ့ စစ်တမ်းတခုကို ဒီမတိုင်ခင်က ပြုလုပ်ခဲ့ပြီး စစ်တမ်းကောက်တဲ့ ၆ ရက်တာကာလအတွင်း စုစုပေါင်းဆန္ဒပြုသူ ၁၈,၀၀၀ ကျော်ရဲ့ ၉၇ ရာခိုင်နှုန်းကျော်က ဝယ်ယူမယ်လို့ ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူဖို့ အဆိုပြုပမာဏ စုစုပေါင်းက ငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) လောက် ရှိပါတယ်။

ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာ ဖြစ်ပါတယ်။

1 hour Ago

May 16, 2022

စစ်ခေါင်းဆောင်၏ အင်းယားလမ်းနေအိမ် ရောင်းချမှု ၁၀ ရက်အတွင်း ကန်ဒေါ်လာ ၄ သန်းရရှိ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အင်းယားလမ်း နေအိမ်ကို NUG အစိုးရက ရောင်းချနေရာမှာ ပထမ ၁၀ ရက်အတွင်း အမေရိကန်ဒေါ်လာ ၄ သန်းဖိုး ရှယ်ယာရောင်းထားရပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ ရန်ကုန်မြို့၊ အင်းယားလမ်းက နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေး အမေရိကန်ဒေါ်လာသန်း ၃၀ ကျော်ရှိပေမဲ့ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိ ကန် ဒေါ်လာ ၁၀ သန်း တန်ဖိုးဖြတ်ပြီး NUG က ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ပြီး အစုရှယ်ယာ ၁ သိန်းတိတိ ရောင်းချနေတာပါ။

ဒါဟာ အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်ရဲ့ ကနဦးခြေလှမ်းဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လက်မှတ် ရေးထိုးထုတ်ပြန်ထားပါတယ်။

လတ်တလောအချိန်ထိ ရှယ်ယာရောင်းချရမှုတွေထဲက ၈၇ ရာခိုင်နှုန်းကို ပြည်တွင်း၊ ပြည်ပက မြန်မာနိုင်ငံသားတွေ ဝယ်ခဲ့ကြပြီး ၁၃ ရာခိုင်နှုန်းကိုတော့ မြန်မာနိုင်ငံသားဟောင်းတွေအပါအဝင် နိုင်ငံခြားသားတွေက ဝယ်ယူခဲ့ကြကာ ရှယ်ယာအစုအများဆုံး ၅၅၄ စု (ဒေါ်လာ ၅ သောင်းခွဲဖိုး) ဝယ်ယူသူကစလို့ အများဆုံး ဝယ်ယူသူ ၁၀ ယောက်ကို ဖော်ပြထားပါတယ်။

အဲဒီ ၁၀ ယောက်စလုံးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပြီး ပြည်တွင်းနဲ့ ပြည်ပက တဝက်လောက်စီ ပါဝင်တယ်လို့ The End of Dictatorship-EOD က ပြောပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ ခြံအမှတ် ၁၄ က မြေနဲ့အဆောက်အအုံကို ကြိုတင်ရောင်းချနိုင်ရေး ပြည်သူ့ဆန္ဒကောက်ယူတဲ့ စစ်တမ်းတခုကို ဒီမတိုင်ခင်က ပြုလုပ်ခဲ့ပြီး စစ်တမ်းကောက်တဲ့ ၆ ရက်တာကာလအတွင်း စုစုပေါင်းဆန္ဒပြုသူ ၁၈၀၀၀ ကျော်ရဲ့ ၉၇ ရာခိုင်နှုန်းကျော်က ဝယ်ယူမယ်လို့ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူဖို့ အဆိုပြုပမာဏ စုစုပေါင်းကငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) လောက်ရှိပါတယ်။

ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄  ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာ ဖြစ်ပါတယ်။

1 month Ago
Up