close

စစ်တပ်ကဝင်ရောက်

close

December 22, 2021

ဖယ်ခုံမြို့နယ် ဆီးမီလော့ကျေးရွာကို စစ်တပ်ကဝင်ရောက် လူငယ် ၆ ဦးကို ဖမ်းဆီးပြန်လွှတ်

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ဆီးမီလော့ကျေးရွာမှာ ဒီဇင်ဘာ ၂၁ ရက်က ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကျေးရွာရှိ နေအိမ် ၁၀ အိမ်လောက်ကို အိမ်တံခါးတွေဖျက်ဆီး  ဝင်ရောက်ရှာဖွေပြီး ရွသားတချို့ကိုဖမ်းဆီးပြန်လွှတ်ပေးခဲ့ပါတယ်။

ဒေသခံရွာသား တဦးက “သူတို့ သူများအိမ်ကို ဝင်မွှေတယ်။ ၁၀ လုံးကျော်တော်တော့ အမွှေခံရတယ်။ မွှေခံရတဲ့အိမ်က ပစ္စည်းတွေအကုန်လုံးပွကုန်တယ်။”လို့ ပြောပါတယ်။  

ဒါအပြင် မနက် ၇  နာရီလောက်ကလည်း  နွားကျောင်းသား ၃ ယောက် အပါအဝင် လူငယ် ၆ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့ပြီး နေခင်းပိုင်းလောက်မှာ ပြန်လည်လွှတ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆီးမီလော့ကျေးရွာဟာ အိမ်ခြေ ၁၆၀ လောက်ရှိတဲ့  ကျေးရွာဖြစ်ပြီး  တိုက်ပွဲကြောင့် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

လက်ရှိစစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် နေအိမ်တချို့ကို ဝင်ရောက်မွှေပြီး ပစ္စည်းတချို့ကိုပါ ယူဆောင်သွားတယ်လို့လည်း အဆိုပါဒေသခံက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း နေအိမ်အတော်များများဖျက်ဆီးခံရသလို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရတာတွေလည်း ရှိနေပါတယ်။

54 seconds Ago
Up