close

စစ်တပ်က ဖမ်းဆီး

close

November 24, 2021

ခင်ဦးမြို့နယ်တွင် အန်အယ်လ်ဒီထောက်ခံသူသည့် တောင်သူ ၇ ဦးကို စစ်တပ်က ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာက အန်အယ်လ်ဒီထောက်ခံတဲ့  အပြစ်မဲ့ တောင်သူ   ၇ ယောက်ကို  နိုဝင်ဘာ ၂၄ ရက် မနက်မှာ   စစ်ကောင်စီတပ်က  ဖမ်းဆီးသွားတယ်လို့ ဒေသခံမျက်မြင်တွေ့သူတွေထံက သိရပါတယ်။

“လယ်တောသွားကြည့်ရင်း လာဖမ်းခံရတာ။ ဘာလို့ အဖမ်းခံရတာလဲဆိုတော့ ကျနော်သိရ သလောက်တော့ အရင်က အန်အယ်လ်ဒီပါတီ ထောက်ခံသူတွေတော့ ဟုတ်တယ်ဗျ။ အခုဟာက သူတို့ အေးအေးဆေးဆေးဘဲ၊ တောင်သူလုပ်ငန်း လုပ်ကိုင်စားသောက်နေကြတဲ့ သူတွေဘဲရယ်။ ဘယ်အဖွဲ့အစည်းမှ ပါဝင်ပက်သက်ခြင်း မရှိဘူး။ ပြောစရာဆိုလို့ အရင်က အန်အယ်လ်ဒီ ပါတီထောက်ခံမဲ ပေးခဲ့တာပဲရှိတယ်”လို့ လယ်တောနီးချင်းတစ်ဦးကပြောပါတယ်။

အဆိုပါ ပျဉ်ထောင်ကျေးရွာဟာ ပျူစောထီးကြီးစိုးတဲ့ကျေးရွာဖြစ်ကာ အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ ကျေးရွာ တစ်ရွာလည်းဖြစ်ပါတယ်။

စစ်တပ်သတင်းပေးပျူစောထီးတွေက သူတို့နဲ့ ပုဂ္ဂိုလ်ရေးရ မတည့်တဲ့ ရွာသားတွေကို  PDF လို့စွပ်စွဲပြီး စစ်တပ်ကိုသတင်းပေးဖမ်းခိုင်းတာကြောင့်  ပျဉ်ထောင်ကျေးရွာက အန်အယ်လ်ဒီ ထောက်ခံသူ ၁၅ ဦးထက်မနည်း အဖမ်းခံထားရတယ်လို့  ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

အခုဆိုရင် ပျဉ်ထောင်ကျေးရွာက အန်အယ်လ်ဒီပါတီထောက်ခံခဲ့တဲ့ ဒေသခံတွေဟာ ပျူစောထီးရန်ကို ကြောက်ရတာကြောင့် နေအိမ်ကနေရှောင်ပုန်းနေကြရပါတယ်။

6 days Ago

September 23, 2021

မိုးညှင်းမြို့က လူငယ် ၁ ဦးအပါအဝင် မိသားစုဝင် ၃ ဦးကို စစ်တပ်က ဖမ်းဆီး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ စက်တင်ဘာ ၂၂ ရက် ည ၈ နာရီလောက်က အမျိုးသား လူငယ်တစ်ဦး အပါအဝင် မိသားစုဝင် သုံးဦး ဖမ်းဆီးခံခဲ့ရပါတယ်။

မိုးဒါးစုရပ်ကွက်နေ မောင်စောကြည်ခန့်ဖြိုး၊ သူရဲ့အမေနဲ့ အစ်မ ဖြစ်သူတို့ကို  စစ်ကောင်စီ တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတွေထံက သိရပါတယ်။

"စောကြည်ခန့်ဖြိုးကို လာဖမ်းတာ သူ့အမေနဲ့ သူ့အစ်မလည်း ဖမ်းခံသွားရတယ်။ သူက ပရဟိတလည်း လုပ်တယ်။ ဘာကြောင့်ဖမ်းတာလည်းတော့မသိဘူး။ သူက အိမ်မှာ မနေတာ ကြာပြီ။ အိမ်ခဏ ပြန်လာတုန်း ဖမ်းခံရတာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မောင်စောကြည်ခန့်ဖြိုး အိမ်ကိုပြန်လာချိန် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အိမ်စီးကား နှစ်စီးနဲ့ အရပ်ဝတ်နဲ့ လာရောက်ကာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘယ်နေရာမှာ ဖမ်းဆီးခေါ်ဆောင်ထားတယ်ဆိုတာတော့ မသိရသေးပါဘူး။

စက်တင်ဘာ ၂၃ ရက်နေ့ မနက်မှာတော့ မိခင်ဖြစ်သူ တစ်ဦးကိုသာ ပြန်လည်လွတ်မြောက်ပေး ခဲ့ပြီး အစ်မ ဖြစ်သူမှာလည်း မလွတ်မြောက်သေးကြောင်း ဒေသခံတွေထံက သိရပါတယ်။

2 months Ago
Up