close

စစ်တပ်က မီးရှို့

close

January 31, 2022

ပုလဲမြို့နယ် မွေ့တုံရွာကို စစ်တပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ ပုလဲမြိုနယ်၊ မွေ့တုံကျေးရွာကို စစ်ကောင်စီတပ်က  ဇန်နဝါရီ ၃၁ ရက် ဒီနေ့ ည ၈ နာရီလောက်က  မီးရှို့ခဲ့တယ်လို့  ဒေသခံရွာသားတွေထံက  သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မကွေးတိုင်း၊ မြိုင်မြို့နယ်ကနေ ဒီကနေ့ မနက်ကတည်းက အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာပြီး ညပိုင်းမှာ ရွာကို မီးရှို့ခဲ့တာဖြစ်ပါတယ်။

မွေ့တုံရွာခံတစ်ဦးက “အခု ည ၈ နာရီလောက်ကမှ ရွာကို မီးရှို့နေတာဗျ။ သူတို့က ကျနော်တို့ရွာကို  နေ့လယ်ခင်းလောက်ကမှ  သေနတ်တွေနဲ့ပစ်ခတ်ပြီး ရွာထဲဝင်လာကြတယ်။ ရွာသူ၊ရွာသားတွေကတော့ သူတို့ရွာထဲမရောက်ခင်က ဘေးလွတ်ရာကို ထွက်ပုန်းနေရတယ်။ အခုလည်း ရွာထဲ မီးရှို့နေတာ အဝေးကနေပဲကြည့်နေရတယ်။ ဘာလို့အခုလိုရှို့တာလဲဆိုတော့ဗျာ ဒီကောင်တွေက သူတို့မထင်ရင် မထင်သလို လုပ်နေကြတာပဲ။ ဘယ်လိုပြောလို့ ပြောရမှန်းတောင်မသိတော့ဘူးဗျာ။ တစ်ရွာလုံး မလောင်ပါစေနဲ့လို ဆုတောင်းနေရုံကလွဲလို့ ဘာမှမရှိတော့ဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီနေ့ ဇန်နဝါရီ ၃၁ ရက် တရက်တည်းမှာ  စစ်ကိုင်တိုင်းအတွင်းက ကျေးရွာ ၆ ရွာလောက်ကို မီးရှို့သွားတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ မြင်းမူမြို့နယ်က  ပရက်ထိုင်းကျေးရွာ၊ ဒီပဲယင်းမြို့နယ်က ငဝဲတောကျေးရွာနဲ့ မင်းကင်းမြိုနယ်က အနောက်တောကျေးရွာ၊ ဘင်ကျေးရွာနဲ့ အုံနှဲဘုတ်ကျေးရွာတွေကို မီးရှို့ခဲ့ပြီးနောက် ပုလဲမြို့နယ် မွေ့တုံရွာကို ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းကို  ထိန်းချုပ်နိုင်ဖို့  ကြိုးစားလာရာမှာဒေသခံတွေ အကြောက်တရားဖြစ်သွားအောင်လို အခုလိုကျေးရွာတွေကို မီးရှို့ခဲ့လို့ ဒေသခံတွေက ပြောပါတယ်။

7 hours Ago

December 22, 2021

မကွေးတိုင်းအတွင်း တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က မီးရှို့သဖြင့် နေအိမ် ၂၀ ခန့် မီးလောင်

မကွေးတိုင်းအတွင်း ဒီဇင်ဘာ  ၂၁ နဲ့ ၂၂ ရက်နေ့တွေက စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က မီးရှို့တာကြောင့် အနည်းဆုံး နေအိမ် ၂၀ လောက် မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် စမ်းမြို့ကျေးရွာကို ဒီဇင်ဘာ ၂၁ ရက်နေ့​ မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်သား အင်အား ၁၀၀ လောက်နဲ့ ပျူစောထီး ၅၀ လောက်ပေါင်းပြီး ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၂၀ ထက်မနည်း မီးလောင်ကျွမ်းသွားပြီး အရေအတွက် အတိကျမသိရသေးဘူးလို့ ဒေသခံရွာသားတစ်ယောက်က ပြောပါတယ်။

“စစ်ကောင်စီတပ်တွေဟာ မနေ့က မနက်ပိုင်းကတည်းက ကျနော်တို့ရွာကို မီးရှို့တာ ညအထိမီးလောင်နေတုန်းပဲ။ ကျနော်တို့လည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတာဆိုတော့ အိမ်ခြေ ဘယ်လောက်လောင်သွားလဲဆိုတာကို အတိကျမသိရဘူး။ အဝေးကနေပဲ မီခိုးလုံးတွေ မီးတောက်တွေကို လှမ်းမြင်နေရတာ။” 

စစ်ကောင်စီတပ်တွေဟာ စမ်းမြို့ရွာက ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေအား ရွာထဲပြန်လာဖို့ လှမ်းခေါ်ပြီး ပြန်ဝင်မလာတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတာလို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဂန့်ဂေါမြို့နယ်ထဲကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီးတော့ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာတွေပြုလုပ်တဲ့အပြင် နေအိမ်တွေကို မီးရှို့တာ၊  ပစ္စည်းတွေကို ခိုးယူပြီး ဒေသခံတွေပိုင်တဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်တာတွေ ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း နှမ်းခါးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ အစည်းအဝေးလုပ်နေတုန်း စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လာရောက်တိုက်ခိုက်လို့ ပြည်သူ့ကာကွယ်ရေးတပ်သားတချို့ ကျဆုံးခဲ့သလို ဒီဇင်ဘာ ၁၉ ရက်ကလည်း ရွာထဲမှာ စစ်ကောင်စီက စခန်းချ မီးရှို့ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် အနည်းဆုံး ပြည်သူ ၁၇ ယောက်လောက် သေဆုံးခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်မှာ ဒေသခံ PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ၅ ကြမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ကျော် သေဆုံးခဲ့တယ်လို့ မြိုင် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ခွင့်ချိန်က ပြောပါတယ်။

မြိုင်နဲ့ ပေါက်နယ်အစပ်က ကမ်းပြို (ကပြို)- မုန်တောလမ်းမှာ မနေ့ မနက် ၃ နာရီကျော်လောက်က ခြေလျင်တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို မဟာမိတ် PDF တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပေါက်ကနေ ဇီးပြားရွာဘက်ကို မနေ့က မနက် ၅ နာရီလောက် ဆိုင်ကယ် ၅ စီး၊ ကားတစ်စီး နဲ့ တက်လာတဲ့ စစ်ကောင်စီတပ်တွေကို PDF တပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက်လောက်သေဆုံးပြီး ဆိုင်ကယ် ၅ စီးနဲ့ ကျည်အတောင့် ၂၀ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။

ရွာစင် မီးရထားလမ်းနားမှာလည်း မနေ့ မွန်းတည့် ၁၂ နာရီလောက်မှာ ဆိုင်ကယ် ၃၄ စီး၊ ခြေလျင် အင်အား ၁၀၀ လောက်နဲ့တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မဟာမိတ် PDF တွေက ဆွဲမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက်လောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပေါက်-ဇီးပြား လမ်းမှာ ညနေ ၃ နာရီကျော်လောက်က စစ်ကောင်စီတပ်ဖွဲ့တွေကို နောက်ထပ် အဝေးထိန်းမိုင်းဆွဲမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က အရာရှိတစ်ယောက်အပါအဝင် ၁၀ ယောက်လောက်သေဆုံးခဲ့တယ်လို့ ဗိုလ်ခွင့်ချိန်က ပြောပါတယ်။

ပေါက်မြို့နယ် သရက်ကန်ရဲကင်းကို ဒီကနေ့မနက် ၁ နာရီလောက်မှာ PDF တပ်ဖွဲ့တွေက တာဝေးပစ်ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးတဲ့ အခြေနေကို မသိရသေးဘူးလို့ ဆိုပါတယ်။

သရက်ကန်ရွာ ဒေသခံတစ်ယောက်က “သရက်ကန် ရေနံမှော်မှာ ပေါက်ကွဲသံတော့ ၄ ချက် ၅ ချက်လောက်ကြားလိုက်ရတယ်ဗျ။ ကျနော်တို့လည်း ကြောက်လို့ သွားမကြည့်ရဲဘူး။ ခုမနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေ ခြေရှုပ်နေပြီးတော့ လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေကြတယ်” လို့  ပြောပါတယ်။

ဂန့်ဂေါမြို့နယ် ပုလဲ-ဂန့်ဂေါ ကားလမ်းမှာလည်း ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက မိုင်းရှင်းလင်းဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF-ဂန့်ဂေါရဲ့ တပ်ခွဲ ၂၇ ပုံတောင်ပုံညာတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးပြီး ၃ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ PDF-ဂန့်ဂေါရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဂန့်ဂေါမြို့နယ် နှမ်းခါးရွာကို စစ်ကောင်စီတပ်တွေက လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်တာကြောင့် အပြစ်မဲ့ပြည်သူတွေ ကျဆုံးခဲ့ရတဲ့အပြင် ကျေးရွာတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် လက်တုန့်ပြန် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ကန်နီရွာကို သွားတဲ့ မီးရထား သံလမ်းနားမှာ မနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေကို ကျောပန်းတောင်း 21-ပြောက်ကျားတပ်နဲ့ ကျောက်ပန်တောင်း-PGF တို့ပူးပေါင်းပြီး အဝေးထိန်းမိုင်း၊ကားမိုင်းတွေနဲ့ မိုင် ၂ ကြိမ်ဆွဲ ပြီးတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၄ ယောက်ထိခိုက်သွာတယ်လို့ KPG-21 ပြောက်ကျားတပ်ဖွဲ့ရဲ့  ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကျောက်ပန်းတောင်း 21-ပြောက်ကျားတပ်ဖွဲ့အနေနဲ့ ရှေ့ဆက်ပြီးတော့ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်ပြီးတော့ စစ်အုပ်စုတွေကို အမြစ်ပြတ် တိုက်ထုတ်သွားမယ့်အပြင် စစ်ကောင်စီရဲ့ အဓိကစီးပွားရေးထောက်တိုင်တွေကိုပါ ​ပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်တဲ့နေရာတွေ၊ စစ်ကောင်စီရဲ့ စီးပွားရေး အဆောက်ဦတွေနဲ့ နီးစပ်တဲ့ နေရာတွေကို ပြည်သူတွေ သွားလာတာတွေ လုံးဝမပြုလုပ်ကြဖို့ သတိပေးထားပါတယ်။

ဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကို အသေးစိတ်သိရဖို့အတွက် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွေကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။ ဒါ့အပြင် ကျေးရွာတွေကို မီးရှိုဖျက်ဆီးတဲ့ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး အမြဲလိုလို သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုလေ့ရှိပါတယ်။

1 month Ago
Up