close

စစ်တပ်က ရမ်းကားပစ်ခတ်

close

March 12, 2022

တန့်ဆည်မြို့နယ်၌ စစ်တပ်က ရမ်းကားပစ်ခတ် ရွာမီးရှို့၊ အဘွားအို ၁ ဦးနှင့် မိန်းကလေး ၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့နယ်၊  စိမ်းစားကျေးရွာမှာ မတ်၁၂ ရက် ဒီနေ့ နေ့လယ်က လူနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး သေနတ်နဲ့ပစ်ခတ်ခဲ့လို့ အဘွားအိုတယောက်နဲ့ ဆယ်ကျော်သက် မိန်းကလေးငယ်တယောက် သေဆုံးသွားတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

စစ်တပ်ရဲ့ ရမ်းကားပစ်ခတ်မှုကြောင့် အသက် ၁၅ နှစ်အရွယ်  မိန်းကလေးတယောက် ရင်ဘတ်နဲ့ပေါင် ကျည် ၂ ချက်ထိမှန်ကာ သေဆုံးသွားခဲ့ပြီး  ကျေးရွာရှိ လူနေအိမ် ၅ လုံးလောက် မီးရှို့ခံရာကာ အသက် ၇၀ အရွယ်မသန်စွမ်း အဘွားအိုတယောက်လည်း ဘေးအိမ်မီးလောင်ရာက အပူဟပ်ပြီး သေဆုံးသွားတယ်လို့ TSO တန်ဆည်က ထုတ်ပြန်ထားပါတယ်။

ဒေသခံတဦးက “စစ် (-) တွေက ရမ်းပစ်လို့ အမျိုးသမီးငယ်တစ်ဦးသေသွားပြီဗျ။ အဘွားအိုတဦးလည်း မီးလောင်လို့သေသွားတယ်ကြားတယ်။ အိမ်တွေလည်း မီးလောင်နေတယ်”  ပြောပါတယ်။

လတ်တလောအချိန်အထိ ရွာမှာမီးလောင်နေတာကြောင့် ကျေးရွာအတွင်းက ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေ ပိတ်မိနေကြတယ်လို့ဒေသခံတွေက ပြောပါတယ်။

ကားလမ်းမပေါ်မှာရှိတဲ့ စိမ်းစားကျေးရွာမှာ ပစ်ခတ်မှုတွေဖြစ်ပြီး စစ်တပ်က ရွာကို မီးရှို့နေတာကြောင့် တန်ဆည်-ရေဦးလမ်းပိုင်းမှာ ပြည်သူတွေ အသွားအလာရပ်နားထားပေးဖို့TSO တန်ဆည်က မေတ္တာရပ်ခံထုတ်ပြန်ထားပါတယ်။

1 min Ago
Up