စစ်ကောင်စီတပ်နဲ့ ထားဝယ်အရှေ့တောဒေသက ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ ထားဝယ်-ထီးခီး ကားလမ်းပိုင်းက ဒေသခံတွေနဲ့ လမ်းပိုင်း အသုံးပြုသူတွေအတွက် အချက် ၄ ချက်ပါဝင်တဲ့ စစ်ရေးသတိပေးချက်ကို ဇန်နဝါရီ ၁၀ ရက် နေ့စွဲနဲ့ ထားဝယ်မြို့နယ် ဥသြစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
လမ်းပိုင်းအသုံးပြုတဲ့ မော်တော်ယာဉ်တွေအနေနဲ့ မနက် ၅ နာရီမှ ည ၆ နာရီအတွင်းသာ အသုံးပြုကြကာ အမိုးအကာ ဖုံးအုပ်သွားလာတာ မပြုလုပ်ကြဖို့နဲ့ အိမ်စီးကားတွေ ကားမှန်တင်ပြီး သွားလာတာ မပြုလုပ်ကြဖို့ တားမြစ်ထားပါတယ်။
ထားဝယ်မြို့နယ် ပကာရီရွာကနေ ဝကုန်းရွာအကြားက ကျေးရွာတွေမှာ တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်တာကြောင့် စစ်ရေးသတိရှိဖို့လည်း သတိပေးချက်မှာ ဖော်ပြထားပါတယ်။
ထားဝယ်-ထီးခီးလမ်းပိုင်းကို အသုံးပြုကာ သံတိုသံစ အရောင်းအဝယ်ပြုလုပ်တဲ့ သုံးဘီးယာဉ်တွေနဲ့ ထိုင်းနိုင်ငံကို ထီးခီးနယ်စပ်ကတဆင့် ပြည်ပထွက်သူတွေကို ပို့ဆောင်နေတဲ့ မော်တော်ယာဉ် (ဒေသအခေါ် ဘောလုံးကား) တွေကို ဇန်နဝါရီ ၁၅ ရက်ကနေ စတင်ပြီး ဇန်နဝါရီလကုန်အထိ လုံးဝ ဖြတ်သန်းသွားလာတာ မပြုကြဖို့ ဥသြစစ်ကြောင်းက မေတ္တာရပ်ခံ အသိပေးထားပါတယ်။
ထားဝယ်-ထီးခီးလမ်းပိုင်းမှာ ဇန်နဝါရီ ၇ ရက်က စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီး ဥသြစစ်ကြောင်းက စစ်ကြောင်းမှူး ဖထီး ကျဆုံးခဲ့ကာ စစ်ကောင်စီဘက်ကလည်း ၁၅ ဦးခန့် ထိခိုက်သေဆုံးကြောင်း သံမဏိပြောက်ကျား နဘယံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ထားဝယ်အရှေ့တောဒေသကနေ ပြန်လည်မထွက်ခွာသေးတာကြောင့် ထိတွေ့တိုက်ပွဲတွေ ထပ်ဖြစ်နိုင်ခြေရှိသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာမှာ လူငယ်တွေ ဇန်နဝါရီ ၁၀ ရက် ညနေပိုင်းက စစ်တပ်ထုတ်ကုန်မသုံးစွဲရေး လှုံ့ဆော်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီရဲ့ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီကနေ ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်တပ်ထုတ်ကုန်မသုံးစွဲဖို့ စည်းရုံးဟောပြောတာ၊ ဝယ်ယူသုံးစွဲတာမလုပ်ဘဲ သပိတ်မှောက်ရမယ့် စစ်တပ်ထုတ်ကုန်တွေစာရင်း ပါရှိတဲ့စာရွက်တွေ ဖြန့်ဝေတာ၊ စတေကာကပ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။
ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ တာဝန်ရှိသူတဦးက “စစ်အုပ်စုကို အနိုင်တိုက်ဖို့ဆို သူတို့ရဲ့ အဓိကထောက်တိုင်တွေထဲက တခုဖြစ်တဲ့ စီးပွားရေးထောက်တိုင်ကို ဖြိုချဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် စစ်အုပ်စုရဲ့ ထုတ်ကုန်တွေကို ဝယ်ယူသုံးစွဲတာမျိုးက လုံးဝမလုပ်သင့်တဲ့ဟာပါ။ ဒါကလည်း တော်လှန်ရေးအစကတည်းက ကျနော်တို့ တိုက်တွန်းလာခဲ့တာပါ။ နောက်ပိုင်း တချို့ပြည်သူတွေက သတိမထားမိဘဲ စစ်တပ်ထုတ်ကုန်တွေကို ပြန်သုံးလာတာမျိုးရှိလာလို့ အခုလို လှုပ်ရှားမှုပြန်လုပ်ရတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဝယ်ယူမသုံးစွဲဖို့ တိုက်တွန်းထားတဲ့ ထုတ်ကုန်တွေထဲမှာ လူသုံးများတဲ့ မိုင်တဲလ်ဆင်းကတ်၊ မြန်မာဘီယာ၊ ဒဂုံဘီယာ၊ အယ်ဒမန်ဂိုးလ်ဘီယာ၊ ရူဘီဆေးလိပ် စတာတွေပါဝင်ပြီး MRTV၊ မြဝတီ ရုပ်သံလိုင်းတွေကိုလည်း မကြည့်ရှုကြဖို့ တိုက်တွန်းထားပါတယ်။
DVB

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင်းရှိ အာဏာသိမ်းစစ်အုပ်စုရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ အရက်ဘီယာ ရောင်းချနေတဲ့ ကုန်စုံဆိုင်ကို ရှာဖွေစစ်ဆေးခဲ့ပြီး သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို ဖျက်ဆီးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ Chindwin Galone Yarzar Guerrilla Defense Force က နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုနဲ့ ပတ်သတ်ဆက်နွှယ်နေတဲ့ ထုတ်ကုန်ပစ္စည်းတွေ မရောင်းချဖို့ ကုန်စုံဆိုင်ကို အကြိမ်ကြိမ် သတိပေးခဲ့ပေမဲ့ မလိုက်နာတာကြောင့် အခုလို ဖမ်းဆီးသိမ်းဆည်းဖျက်ဆီးရတာလို့ ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။
Chindwin Galone Yarzar Guerrilla Defense Force တာဝန်ရှိသူက "အရင်ကတည်းက ရောင်းချနေတာ ကြာပြီ။ အဲဒါကို သိလို့ အကြိမ်ကြိမ် နုတ်နဲ့ရော၊ စာနဲ့ပါ သတိပေးခဲ့တယ်။ ဒါကို အလေးမထားဘဲ ဆက်ပြီး ရောင်းချနေလို့ ဖမ်းဆီးပြီး သိမ်းဆည်းဖျက်ဆီးရတာပါ။ ဆိုင်ရှင်တွေကိုတော့ နောက်နောင် အခုလို ရောင်းချတာမျိုးတွေ မလုပ်ဖို့နဲ့ ထပ်ရောင်းမယ်ဆိုရင် ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ နောက်ဆုံးအကြိမ် သတိပေးထားတယ်။"
အဲ့ဒီ သိမ်းဆည်းဖျက်စီးခဲ့တဲ့ ပစ္စည်းတွေထဲမှာ Dragon ၊ Mandalay Rum ၊ Myanmar Beer ၊ Andaman Gold ၊ Mytel Sim Card နဲ့ Mytel bill တို့အပြင် လေသေနတ် ၁ လက်လည်း ပါဝင်တယ်လို့ သိရပါတယ်။
ဆားလင်းကြီးမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ ထုတ်ကုန်ပစ္စည်းတွေကို ရောင်းချခြင်းမပြုလုပ်ကြဖို့နဲ့ ရောင်းချတဲ့ ဆိုင်၊ အဖွဲ့အစည်း၊ မည်သူ့ကိုမဆို ပြင်းပြင်းထန်ထန်အရေးယူသွားမှာဖြစ်ကြောင်း၊ ပြည်သူတွေအနေနဲ့လည်း ဝယ်ယူသုံးစွဲခြင်းမပြုကြဖို့နဲ့ စစ်အုပ်စုရဲ့ ထုတ်ကုန်ရောင်းချတဲ့ ဆိုင်တွေကို လူ့အသိုင်းဝိုင်းမှ ဖယ်ကျင်ကာ ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်သွားကြဖို့လည်း ဒေသကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။