close

စစ်တပ်ထောက်ခံ

close

January 31, 2022

မန္တလေးတွင် လုံခြုံရေးအင်အားအပြည့်ဖြင့် စစ်တပ်ထောက်ခံ ချီတက်ပွဲပြုလုပ်

မန္တလေးမြို့မှာ ဇန်နဝါရီ ၃၁ ရက် ဒီနေ့ နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်ကို ထောက်ခံတဲ့အနေနဲ့ ချီတက်ဆန္ဒပြပွဲတွေကို လုံခြုံရေးအင်အားအပြည့်နဲ့ ပြုလုပ်ခဲ့ကြပါတယ်။

ကုသိုလ်တော်ဘုရားနဲ့ ဈေးချိုနားမှာ လူစုပြီး ချီတက်ဆန္ဒပြရာမှာ စည်ပင်သာယာဝန်ထမ်းတွေ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အများအပြား ပါဝင်ခဲ့ကြပြီး လမ်းကြောင်းတလျှောက် ယူနီဖောင်းဝတ်နဲ့ အရပ်ဝတ် စစ်ကောင်စီတပ်သားတွေက ကင်းပုန်းနဲ့ လုံခြုံရေးယူထားကြပါတယ်။

အမရပူရမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်တို့မှာလည်း အစိုးရဝန်ထမ်းတွေ၊ အမျိုးသားရေး သံဃာတော်တွေနဲ့ တပည့်ဒကာတွေ ပါဝင်တဲ့ စစ်တပ်ထောက်ခံ ချီတက်ပွဲတွေ လုပ်ခဲ့ကြပါတယ်။

2 mins Ago
Up