close

စစ်တပ်ဖမ်းဆီး

close

September 14, 2021

တောင်တွင်းကြီးမြို့နယ်တွင် ဒေသခံပြည်သူ ၅ ဦးကို စစ်တပ်က ဖမ်းဆီး

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ အိုးပေါက်ကျေးရွာက ဒေသခံပြည်သူ ၅ ယောက်ကို အကြမ်းဖက်စစ်တပ်တွေက စက်တင်ဘာလ ၁၃ ရက်နေ့က ဖမ်းဆီးသွားပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ တက္ကသိုလ်ကျောင်းသား ၁ ယောက်နဲ့  ပြည်သူ ၄ ယောက် ပါဝင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမည်မဖော်လိုသူ ဒေသခံတဦးက ''Mytel တာဝါတိုင်ဖျက်တယ်လို့ဆိုပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးပါတယ်။ စစ်ကား ၁ စီး၊ ဆိုင်ကယ် ၈ စီး စစ်သားတွေလာပြီးဖမ်းသွားတာ။ တရွာလုံးလည်း ကြောက်ပီးပြေးတဲ့သူကပြေး။ စိတ်မကောင်းစရာမြင်ကွင်းပါ။ ဒီလိုအခြေအနေက ဘယ်လောက်ကြာနေဦးမလဲ  မသိသေးပါဘူးဗျာ။ ပြည်သူတွေ အရမ်းဒုက္ခရောက်နေပြီ" လို့ ပြောပါတယ်။

အိုးပေါက်ကျေးရွာအနီးက Mytel တာဝါတိုင်နဲ့ ကုက္ကိုကုန်းကျေးရွာအနီးက Mytel တာဝါတိုင်တွေဟာ စက်တင်ဘာလ ၁၂ ရက်နေ့က ဖျက်ဆီးခံလိုက်ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၁၂ ရက်ကလည်း အိုးပေါက်ကျေးရွာနဲ့ဆက်စပ်နေတဲ့ တောင်လျောင်း(ရွာမ) ကျေးရွာမှာ  Mytel တာဝါတိုင်ဖျက်ဆီးတဲ့အထဲမှာ ပါဝင်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီကပစ်ခတ်ခဲ့လို့ ဒေသခံရွာသား ၂ ဦးသေဆုံးပြီး ၄ ဦး ဖမ်းဆီးခံရတယ်။

1 day Ago

June 23, 2021

မုံရွာတွင် ၄ နှစ်အရွယ်ကလေးအပါအဝင် အငြိမ်းစားကျောင်းဆရာမိသားစုကို စစ်တပ်ကဖမ်းဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အေးသာယာရပ် အမှတ် ၁ လမ်းမှာ ၄ နှစ်အရွယ် ကလေးအပါအဝင် မိသားစုဝင် ၅ ဦးကို အကြမ်းဖက်စစ်တပ်တွေက  PDF အဖွဲ့ကို ထောက်ပံ့လို့စွပ်စွဲပြီး  ဇွန်လ ၂၁ ရက်နေ့ ည ၁၁ နာရီလောက်ရောက်ဖမ်းဆီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အခု အဖမ်းခံရတာ အရင်က ကျောင်းဆရာအငြိမ်းစား မိသားစုပါ။ ဆရာကြီး ဦးတင်မြင့်စိုး အပါအဝင် သူ့မိသားစု ၅ ယောက်လုံး ဖမ်းတယ်။ နောက် ၃ ယောက်လည်း အဖမ်း ခံရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြည်သူ ၈ ဦးကို PDF ထောက်ပံ့မှုတွေပြုလုပ်တယ်လို့ စွပ်စွဲချက်နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ၄ နှစ်ရွယ် ကလေးငယ်ကတော့ ဇွန် ၂၂ ရက် နေ့လယ်ပိုင်းက လွတ်မြောက်လာတယ်လို့ အေးသာရပ်ကွက်ပြည်သူတစ်ဦးက ပြောပါတယ်။

ဆရာကြီးဦးတင်မြင့်စိုးဟာ စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့ပစ္စည်းလှူဒါန်းဖို့ ပြုလုပ်နေချိန်အတွင်းမှာ ဖမ်းဆီးခဲ့ရတာလို့  သိရပါတယ်။

3 months Ago
Up