close

စစ်တပ်သုံးပစ္စည်း‌

close

February 14, 2022

မြင်းမူမြို့နယ်တွင် သိမ်းဆည်းရမိသည့် စစ်တပ်သုံးပစ္စည်း‌များကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က ကျေးရွာတရွာမှာ စစ်တပ်သုံးပစ္စည်း‌တွေ သိမ်းဆည်းရမိပြီး မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ကျေးရွာထဲက မသင်္ကာဖွယ်အိမ်တလုံးကို ဖေဖော်ဝါရီ ၁၂ ရက်ညပိုင်းက ဝင်ရောက်ရှာဖွေရာမှာ ခါးပတ် ၅ ခု၊ ဓားအိမ် ၂ ခု၊ ချိုင့် ၅ ခု၊ ခါးပတ်အကြီး ၁၄ ခု၊ စစ်ဦးထုပ် ၃ လုံး၊ စစ်ဘောင်းဘီရှည် ၂၁ ထည်၊ စစ်အင်္ကျီ ၂၁ ထည်၊ ဘောင်းဘီ အတို ၂ ထည်၊ စွပ်ကျယ် ၆ ထည်၊ စစ်ကျောပိုးအိတ် ၄ လုံး၊ ခြေအိတ် ၃ စုံ၊ စစ်တဘတ်  ၄၅ ထည်၊ အခင်း ၄ ထည်၊ ခါးချိတ် ထမင်းချိုင့် ၁ ဘူး၊ မြန်မာဘီယာ ၄ လုံး၊ ဘီယာဖန်ခွက် ၅ လုံး၊ စစ်သုံးရေဘူး ၂ လုံး၊ စစ်ခြေနင်း ၃ စုံတို့ကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

“အဲဒီအိမ်မှာက လူမရှိဘူး။ တိမ်းရှောင်နေကြတယ်ထင်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေဟာ အဲဒီရွာမှာ စစ်စခန်းချတဲ့အခါသုံးဖို့ ကြိုတင်စုဆောင်းထားတာလို့ ယူဆရတာကြောင့် မီးရှို့ဖျက်ဆီးလိုက်တာလို့ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

58 seconds Ago
Up