close

စစ်တပ်အရာရှိဟောင်း

close

July 14, 2021

မိုးကုတ်မြို့တွင် စစ်တပ်အရာရှိဟောင်း ၁ ဦး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဇူလိုင် ၁၃ ရက်နေ့က စစ်တပ်အရာရှိဟောင်း အမျိုးသားတစ်ဦး  နေအိမ်မှာ အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အသတ်ခံရသူ ဦးနိုင်မိုး(ခ) ဦးတင်ထွန်းနိုင်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်က  စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အရာရှိတစ်ဦးဖြစ်ပြီး မိုးကုတ်ကို ၂၀၂၀ ပြည့်နှစ်ကမှ  ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။

ဇူလိုင် ၁၃ ရက် နေ့လယ် ၃ နာရီမှာ သူ့ရဲ့ နေအိမ်မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့​ကြားရပြီး နေအိမ်မှာရှိနေသူတွေကိုလည်း လက်ပြန်ကြိုးတုပ်ထားကာ  ဦးနိုင်မိုးကို​ နေအိမ်မှာ သတ်သွားခဲ့တာလို့  မိုးကုတ်ဒေသခံက ပြောပါတယ်။

ဦးနိုင်မိုးကို ဘာကြောင့် ဘယ်သူက သတ်သွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ ဦးနိုင်မိုး သေဆုံးပြီးနောက် သူ့ရဲ့ နေအိမ်ဝန်းကျင်မှာ  ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေ လာရောက် စစ်ဆေးနေတယ်လို့ သိရပါတယ်။

6 mins Ago
Up