close

စစ်တမ်းကောက်

close

May 24, 2021

ဖက်‌ဒရယ်ပညာရေးစနစ်နှင့် ပတ်သက်၍ စစ်တမ်းကောက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး အကောင်အ ထည်ဖော်ဆောင်ရွက်သွားမယ့် ဖက်‌ဒရယ် ပညာရေးစနစ်နဲ့ပတ်သက်ပြီး စစ်တမ်းတခုကို စီးပွားရေးတက္ကသိုလ်ကြားကာလအုပ်ချုပ်ရေးကောင်စီတွေက ကောက်ယူနေပါတယ်။

ဒီစစ်တမ်းမှာတော့ မြန်မာနိုင်ငံစီးပွားရေးတက္ကသိုလ် ၃ ခုမှာ ပညာသင်ကြားနေ ကြတဲ့ ကျောင်းသားကျောင်းသူတွေကို အဓိကထားဖြေဆိုပေးဖို့ တိုက်တွန်းထားတာပါ။

တခြားသော တက္ကသိုလ်တွေက CDM ကျောင်းသားကျောင်းသူတွေအနေနဲ့လည်း ဒီစစ်တမ်းပါ သင်တန်းတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားပါက ဖြေဆိုအကြုံပြုနိုင်ပြီး သင် တန်းဖွင့်လှစ်တဲ့အခါမှာလည်း တက်ရောက်နိုင်မယ်လို့ ဆိုပါတယ်။

သင်ကြားတက်ရောက်လိုတဲ့ သင်တန်းတွေ၊ တခြားသင်ကြားပို့ချစေလိုတဲ့ ဘာသာရပ်တွေ၊ သင်ယူမှုပြုလုပ်တဲ့အခါ အသင့်တော်ဆုံးဖြစ်မယ့် အွန်လိုင်းပလက်ဖောင်းတွေ (Zoom ၊ Google Classroom ၊ Facebook စသည်ဖြင့်)၊ တက်ရောက်နေတဲ့ အတန်း၊ တက္ကသိုလ်၊ နှစ်၊ မေဂျာစတဲ့ အချက်အလက်တွေနဲ့အတူ ပါဝင်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

စစ်တမ်းမှာ ပါဝင်ဖြေဆိုလိုသူတွေအနေနဲ့ ဖော်ပြပါလင့်ခ်မှတဆင့် ဝင်ရောက်ဖြေ ဆိုနိုင်မှာ ဖြစ်ပါတယ်။

စစ်တမ်းဖြေဆိုရန်- https://forms.gle/Pkf8wais8s8Gbczn9

1 min Ago

August 16, 2020

ကိုဗစ်ကာလ အလုပ်သမားများ၏ အခက်အခဲအခြေအနေ စစ်တမ်းကောက်မည်

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း  ရန်ကုန်တိုင်းရှိ  စက်ရုံ အလုပ်ရုံတွေက အလုပ်သမားတွေရဲ့ အခက်ခဲတွေ၊ တရားစွဲဆိုခံရတာတွေအတွက် အစိုးရကို တင်ပြတောင်းဆိုနိုင်ဖို့ အလုပ်သမားအဖွဲ့အစည်းတချို့က  စစ်တမ်းကောက်ယူနေပါတယ်။ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံမြို့သစ်တောင်ပိုင်း စတဲ့မြို့နယ်တွေက အလုပ်သမားတွေကို အလုပ်သမားအဖွဲ့တွေက စစ်တမ်းတွေ ကောက်ခံနေတာ ဖြစ်ပါတယ်။   ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်းမှာ အလုပ်သမားတွေ စုပေါင်းတောင်းဆိုတာတွေ မလုပ်ဖို့နဲ့ မလိုက်နာပါက ဥပဒေအရ အရေးယူတာတွေ လုပ်ဆောင်မယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးစာ ထုတ်ပြန်ထားတာပါ။ ဒါပေမဲ့ ဒီကာလမှာ  အလုပ်ရှင်တွေဘက်က လုပ်သားအင်အား လျှော့ချတာ၊ အလုပ်ရှင် ထွက်ပြေးတာနဲ့ ဥပဒေနဲ့မညီညွတ်ဘဲ လုပ်ဆောင်တာတွေကြောင့် အလုပ်သမားအရေး လှုပ်ရှားမှုတွေ ရှိခဲ့တာလို့ Action Labour Rights အဖွဲ့ကပြောပါတယ်။ ကိုဗစ်ကာလအတွင်း အလုပ်သမားအခွင့်အရေး တောင်းဆိုတာတွေကြောင့် တရားစွဲဆိုခံရတာ၊ ဖမ်းဆီးခံရတဲ့ အလုပ်သမား ဦးရေ  ၁၀၀ ကျော်လာပါပြီ။ ဒီလို တရားစွဲဆို ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေအတွက် အလုပ်သမားအဖွဲ့အစည်းတွေက ပူးပေါင်းကူညီ ထောက်ပံ့တာတွေလည်း လုပ်နေသလို ဒီစစ်တမ်းကိုလည်း လုပ်သားရာချီအထိ ဖုန်းနဲ့ရော နယ်မြေ ကွင်းဆင်းပြီးတော့ရော စက်တင်ဘာလကုန်လောက်အထိ ကောက်ခံပြုစုသွားမှာဖြစ်သလို ရရှိလာတဲ့ Data အချက်အလက်တွေကို ပြည်ထောင်စုအစိုးရ၊ လွှတ်တော်နဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့ထံကို ပေးပို့တောင်းဆိုတာတွေ လုပ်သွားမယ်လို့ သိရပါတယ်။  ဇာခြည်
9 months Ago
Up