close

စစ်တွေဆေးရုံ

close

July 3, 2022

ကျောက်တော်မြို့နယ်က မိုင်းထိလူနာ ၁ ဦး စစ်တွေဆေးရုံတွင် သေဆုံး

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ နွားကျောင်းနေစဉ် မြေမြှုပ်မိုင်းထိလို့ စစ်တွေပြည်သူ့ဆေးရုံကြီးကိုတင်ထားရတဲ့ ဝက်မှိုင်းကျေးရွာသား ဦးသန်းစိန်မောင်(၄၅နှစ်)ဟာ ဇူလိုင်  ၂ ရက်မှာ သေဆုံးသွားတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

မိသားစုဝင် တစ်ဦးက “ နေ့လယ် ၃ နာရီလောက်မှာ ဆုံးသွားတာ။ ညာဘက်ခြေက အခင်းဖြစ်တဲ့ နေရာမှာတင် ပြတ်သွားတာပါ။ ဘယ်ဘက်ခြေကလည်း ပြင်းထန်တဲ့ဒဏ်ရာ ရထားတာကြောင့် ဓာတ်မှန်ရိုက်ပြီး ဖြတ်ဖို့အတွက် ပြင်ဆင်နေတုန်းမှာ ဆုံးသွားတာဖြစ်တယ်။ စိတ်တော့ တော်တော်လည်း မကောင်းဖြစ်ရတယ်" လို့ပြောပါတယ်။

ဦးသန်းစိန်မောင်ဟာ ဇူလိုင် ၁ ရက်က ကျေးရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ ခမရ(၃၇၅)အနီး နွားကျောင်းနေစဉ် တပ်ဧရိယာနားရောက်သွားတဲ့ နွားနောက်ကို လိုက်သွားရာမှာ မြေမြှုပ်မိုင်းနင်းမိပြီး ကျောက်တော်ဆေးရုံးက တဆင့် စစ်တွေ ဆေးရုံကြီးကို အရေးပေါ်လူနာအဖြစ် ပို့ဆောင်လိုက်တာဖြစ်ပါတယ်။

မေ ၁ ရက်ကနေ ဇူလိုင် ၂ ရက် အတွင်း ရခိုင်ပြည်နယ်က မြို့နယ်  ခြောက်ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ မြေမြှုပ်မိုင်းထိပြီး သေဆုံးသူ ငါးယောက် အထိရှိခဲ့ပြီး ဒဏ်ရာရရှိသူ ခြောက်ယောက် အထိရှိပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် တောင်သူတွေ စိုးရိမ်စိတ်မြင့်တက်နေကြပါတယ်။

4 mins Ago

October 3, 2020

စစ်တွေဆေးရုံတွင် ကိုဗစ်-၁၉ လူနာ ၁ ဦး ထပ်မံသေဆုံး၊ အောက်ဆီဂျင်ပေးထားသည့် လူနာ ၈ ဦးရှိ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပြည်သူဆေးရုံမှာ အောက်တိုဘာလ ၂ ရက်နေ့က အသက် ၆၇ နှစ်အရွယ် အမျိုးသားတစ်ဦး ထပ်မံသေဆုံးပြီး အောက်ဆီဂျင်ပေးထားရတဲ့ လူနာ ၈ ဦးအထိ ရှိ​တယ်လို့ စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်က ပြောပါတယ်။ “ဟုတ်ပါတယ်။ အသက် ၆၇ နှစ်အရွယ် အမျိုးသားတစ်ဦး ကိုဗစ်နဲ့ ထပ်ဆုံးသွားပါတယ်။ သူ့မှာက သွေးတိုးရောဂါအခံ ရှိတယ်။ ဒီနေ့မနက် ၁၁ နာရီမှာ အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှု ခံယူရင်း ဆုံးသွားတယ်။ အထူးကြပ်မတ်ဆောင်မှာ နောက် ၁ ဦး ဆေးကုသမှု ခံယူနေတယ်။ အောက်ဆီဂျင်ပေးထားရသူ ၈ ဦးအထိ ရှိနေတယ်။” စစ်တွေမြို့က ပြည်သူတွေအနေနဲ့ ပေါ့ဆစွာ မနေကြဖို့၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေချာလိုက်နာကြဖို့နဲ့ Stay at Home အဖြစ် နေအိမ်မှာပဲ နေထိုင်သင့်တယ်လို့ ဒေါက်တာဇော်လွင်က ​တိုက်တွန်းပါတယ်။ စစ်တွေမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုး စတွေ့တဲ့ သြဂုတ် ၁၆ ရက်နေ့ကနေ အောက်တိုဘာလ ၂ ရက်နေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း ၈၆၀ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၇၁၁ ဦး၊ သေဆုံးသူ ၃ ဦးနဲ့ ဆေးရုံမှာ လက်ရှိကုသနေသူ ၁၄၆ ဦး ရှိတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ စုစုပေါင်း ၄ ဦးအထိ ရှိလာနေပြီး စစ်တွေဆေးရုံကြီးက ၃ ဦးနဲ့ ကျောက်တော်ဆေးရုံကြီးက ၁ ဦးတို့ ဖြစ်ပါတယ်။ လင်းလက်
2 years Ago
Up