close

စစ်ပွဲအဆုံးသတ်ရေး

close

August 11, 2022

စစ်ပွဲအမြန်အဆုံးသတ်ရန် ရုရှားကို ထိခိုက်အောင်လုပ်ရမည်ဟု ယူကရိန်းသမ္မတပြော

ယူကရိန်းရဲ့မြို့ကို ရုရှားရဲ့ ပစ်ခတ်မှုအပေါ် ယူကရိန်းက တုံ့ပြန်သွားမှာဖြစ်ပြီး စစ်ပွဲကို အမြန်အဆုံးသတ်ဖို့ ရုရှားကို တတ်နိုင်သမျှ ထိခိုက်အောင်လုပ်ရမယ် ဆိုတာကို စဉ်းစားဖို့လိုကြောင်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက သြဂုတ် ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

“စစ်ပွဲ ဘယ်တော့ပြီးမလဲလို့ လူတိုင်းက စိုးရိမ်ပြီး မေးနေကြတယ်။ ဒါပေမဲ့ အဖြေက ရုရှား ရှုံးနိမ့်သွားမယ့် အချိန်ကာလအပေါ် တိုက်ရိုက်မူတည်နေပါတယ်။ ကျူးကျော်သိမ်းပိုက်သူတွေ ဘက်မှာ ဆုံးရှုံးမှုပိုများလေ၊ ငါတို့ရဲ့မြေကို မြန်မြန်ဆန်ဆန် လွတ်မြောက်နိုင်ပြီး ယူကရိန်းလုံခြုံရေးကို အာမခံနိုင်လေလေ” လို့ ဇလန်းစကီးက ညနှောင်းပိုင်း ဗီွဒီယိုမိန့်ခွန်းတခုမှာ ပြောကြားခဲ့ပါတယ်။

ရုရှားဟာ နီးပရို ပက်ထရို့ဗ်စ်ခ် ဒေသမှာ သူတို့သိမ်းပိုက်ထားတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံရဲ့ နယ်မြေကနေ မာဟန်နက်စ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တုန်းက လူ ၁၃ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းက ပြောကြားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ယူကရိန်းစစ်တပ်အတွက် ပိုပြီးအားကောင်းတဲ့ လက်နက်တွေကို ထောက်ပံ့ပေးဖို့ လိုအပ်နေကြောင်း မဟာမိတ်တွေကို အလေးပေးပြသနေတာလို့ သူက ပြောကြားခဲ့ပါတယ်။

ယူကရိန်း၊ ယူကေနဲ့ ဒိန်းမတ်နိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးတွေဟာ စစ်ရေးလေ့ကျင့်မှု၊ မိုင်းရှင်းလင်းရေးနဲ့ လက်နက်ထောက်ပံ့မှုတွေ အပါအဝင် ယူကရိန်းအတွက် ရေရှည်ပံ့ပိုးကူညီရေး ဆွေးနွေးဖို့အတွက် သြဂုတ် ၁၁ ရက်က ကိုပင်ဟေဂင်မြို့တော်မှာ မဟာမိတ်နိုင်ငံတွေက ဝန်ကြီးတွေကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

ယူကရိန်းနဲ့ ဥရောပရဲ့ လုံခြုံရေးဟာ စစ်မြေပြင်မှာ ရုရှားကျရှုံးတဲ့အပေါ် မူတည်နေတာကို နားလည်ပေးတဲ့အတွက် သူ့မိတ်ဘက်နိုင်ငံတွေကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။

1 min Ago
Up