close

စစ်ပွဲအန္တရာယ်

close

January 14, 2022

ဥရောပ၌ နှစ်ပေါင်း ၃၀ အတွင်း စစ်ပွဲအန္တရာယ်အကြီးမားဆုံးဖြစ်လာနေဟု ပိုလန်သတိပေး

ဥရောပဟာ နှစ်ပေါင်း  ၃၀ ကာလအတွင်း အခုအချိန်မှာ စစ်ပွဲနဲ့ အနီးကပ်ဆုံး ပိုဖြစ်လာနေတယ်လို့ ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဇဘစ်ညူ ရာဟုက သတိပေးလိုက်ပါတယ်။ 

နိုင်ငံ ၅၇ နိုင်ငံပါဝင်တဲ့ ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) အလှည့်ကျဥက္ကဋ္ဌတာဝန် စယူတဲ့ ဇန်နဝါရီ ၁၃ ရက်မှာ သူက အခုလို သတိပေး ပြောကြားလိုက်တာပါ။

ပိုလန်နိုင်ငံခြားရေးဝန်ကြီးက ရုရှားကို အမည်တပ်ပြောဆိုခြင်း မရှိပေမဲ့ လတ်တလော ရုရှားနဲ့ တင်းမာမှုတွေဖြစ်နေတဲ့ ယူကရိန်း၊ ဂျော်ဂျီယာ၊ အာမေးနီးယား၊ မော်လ်ဒိုဗာတို့က အခြေအနေတွေကို ရည်ညွှန်းပြောခဲ့တာပါ။

သူက “၅၇ နိုင်ငံပါရှိတဲ့ OSCE ဒေသထဲမှာ စစ်ပွဲအန္တရာယ်က လွန်ခဲ့တဲ့နှစ် ၃၀ ကထက် အခုပိုပြီး ကြီးမားလာနေပါတယ်။ အရှေ့ဥရောပမှာ စစ်ရေးအရှိန်မြှင့်နေတာတွေကို ရက်သတ္တပတ်များစွာ ကျနော်တို့  ကြုံနေရတယ်။ အခုဖြစ်နေတဲ့ ကာဇက်စတန်ပြဿနာက အားလုံးကို စိုးရိမ်စေ ပါတယ်” လို့ ပြောပါတယ်။ 

1 min Ago
Up