close

စစ်ဗိုလ်ဖခင်

close

August 31, 2021

နွားထိုးကြီးတွင် စစ်ဗိုလ်တဦး၏ ဖခင်ဖြစ်သူ ပစ်သတ်ခံရ

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် မြဝတီကျေးရွာမှာ စစ်ဗိုလ်တစ်ဦးရဲ့ ဖခင်ဖြစ်သူ ဦးမြသောင်းကို သြဂုတ် ၃၀ ရက် ညနေ ၆ နာရီကျော်က အမည်မသိ လူနှစ်ယောက်က သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာသားတယောက်က “ဦးမြသောင်းကို သူ့ရဲ့ နေအိမ်မှာပင် ညနေ ၆ နာရီလောက်မှာ ဆိုင်ကယ်နဲ့ လူ ၂ ယောက်က အနီးကပ် နားထင်ကို ၂ ချက်ပစ်သွားတာ၊ သေသွားတယ်။ ဆေးရုံကား လာသယ်သွားတယ်။ လာပစ်တဲ့သူတွေက ဘယ်သူတွေလဲတော့ သေချာမသိဘူး။ ထွက်လည်း မကြည့်ရဲဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဗိုလ်ကြီးတစ်ဦးရဲ့ ဖခင်ဖြစ်သူ ဦးမြသောင်းဟာ ရွာမှာ ဒလန်ဆိုပြီး နာမည်ကြီးနေတာလို့ ရွာခံတွေက ပြောပါတယ်။

7 mins Ago
Up