close

စစ်ဗိုလ်

close

November 19, 2022

ဖားကန့် Sky Hotel တွင် စစ်ဗိုလ် ၁ ဦး ဗုံးပစ်ခံရပြီး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မှော်စီစာကျေးရွာအနီး ဖားကန့်-လုံးခင်း လမ်းမကြီးပေါ်ရှိ  Sky Hotel & Restaurant မှာ နိုဝင်ဘာ ၁၉ ရက် ဒီမနက် ၉ နာရီလောက်က ဗုံး နဲ့ပစ်ခံရပြီး စစ်ကောင်စီတပ်က တပ်ခွဲမှူး အရာရှိတယောက် သေဆုံးသွားတယ်လို့ ဟိုတယ်ဝန်ထမ်းက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဟိုတယ်မှာတည်းခိုနေထိုင်နေတဲ့ စစ်ကောင်စီတပ်က သုံးပွင့်ဗိုလ်ကြီး တယောက် အခင်းဖြစ်ရာနေရာမှာပဲသေဆုံးခဲ့ပြီး တခြားတယောက်လည်း ပြင်းထန်ဒဏ်ရာရရှိကာ အသက် အန္တရာယ်စိုးရိမ်ရတယ်လို့ ဟိုတယ်ဝန်ထမ်းတယောက်က ပြောပါတယ်။

“အခန်းထဲမှာ ပွဲချင်းပြီးသေတဲ့တယောက်က အူတွေပါထွက်သွားတာဗျ။ နောက်တယောက်လည်း အသက်ရှင်ဘို့မလွယ်ဘူးဗျ။ သေတာကသုံးပွင့်ဗိုလ်လို့တော့ပြောတာပဲ။”

သေဆုံးသွားတဲ့ အရာရှိဟာ တပ်မ ၃၃ လက်အောက်ခံ ဗလခ တပ်ခွဲစခန်းက တပ်ဖွဲမှူး အရာရှိဖြစ်တယ်လို့လည်း အဆိုပါတပ်နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

လာရောက် တိုက်ခိုက်သူတွေဟာ တိုယိုတာအမျိုးအစား SURF ကားနဲ့ ဟိုတယ်ထဲ မောင်းဝင်လာပြီး အရပ်ဝတ်နဲ့ မျက်နှာဖုံကာ Mask တွေ တပ်ဆင်ထားတယ်လို့လည်း ဟိုတယ် ဝန်ထမ်းတွေက ပြောပါတယ်။

တိုက်ခိုက်သူတွေဟာ စစ်ကောင်စီအရာရှိတည်းခိုနေထိုင်တဲ့အခန်းကို တက်သွားပြီးတခါးကို ဖွင့်ခိုင်းကာ လက်ပစ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့လည်းဆိုပါတယ်။ တိုက်ခိုက်သူတွေဟာ ဘယ်အဖွဲ့ကလည်း ဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။ 

8 mins Ago

June 9, 2022

ပခုက္ကူမြို့တွင် စစ်ကောင်စီတပ် စစ်ဗိုလ် ၁ ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ ဇွန် ၇ ရက် မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ဗိုလ် ၁ ယောက် သေဆုံးပြီး ပျူစောထီး ၁ ယောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ပခုက္ကူမြို့ကနေ ဆိုင်ကယ်မောင်းနှင်လာတဲ့ စစ်ကောင်စီ စစ်ဗိုလ် ၁ ယောက်နဲ့ ပျူစောထီးအဖွဲ့ဝင် ၁ ယောက်တို့ကို ကိုးပင်ရွာနဲ့ အင်ပင်ရွာကြားမှာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ Yesagyo Revolution Group မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“သူတို့က အင်ပင်ရွာမှာ တပ်စွဲထားတာဗျ။ အင်ပင်ရွာကနေ အဲဒီဗိုလ်က မနက် ၆ နာရီလောက်မှာ ပခုက္ကူမြို့ပေါ်ကို စျေးဝယ်ထွက်လာတာ၊ ၉ နာရီလောက် ပြန်လာတော့ သူတို့ကို လမ်းမှာ အတိုနှစ်လက်နဲ့ ပစ်ခတ်ခဲ့တာပါ။”

သေနတ်ပစ်ခတ်ခံရတာကြောင့် ဆိုင်ကယ်အနောက်မှာ ထိုင်လိုက်လာတဲ့ စစ်ကောင်စီတပ်က တပွင့်ဗိုလ် ညာဘက်ရင်ဘတ်ကို ထိမှန်သွားခဲ့ပြီး အတူပါလာတဲ့ ပျူစောထီးက ပေါင်ကို ကျည်ထိမှန်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ သေနတ်ထိမှန်တဲ့ စစ်ဗိုလ်ဟာ လမ်းက ကားတစီးကိုတားပြီး တင်ခေါ်သွားတဲ့လမ်းမှာ သေဆုံးသွားတာလို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အင်ပင်ရွာက စစ်ကောင်စီတပ်ဘက်ကလည်း သေနတ်တွေနဲ့ နာရီဝက်ကြာ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပစ်ခတ်မှုကို Yesagyo revolution group YRG နဲ့ Urban Underground revolution force အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

5 months Ago
Up