close

စစ်ဘက်ပစ်မှတ်

close

November 28, 2021

ယီမင်ရှိ စစ်ဘက်ပစ်မှတ်များကို ဆော်ဒီညွှန်ပေါင်းတပ်ဖွဲ့ ပစ်ခတ်

ယီမင်နိုင်ငံ မြို့တော် ဆာနာရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို နိုဝင်ဘာ ၂၇ ရက် အစောပိုင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ယီမင်နိုင်ငံရှိ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့က ပြောကြားပါတယ်။

ပစ်မှတ်ထားတဲ့နေရာတွေ အနီးအနားမှာ စုဝေးတာ၊ ချဉ်းကပ်တာမျိုး မပြုလုပ်ကြဖို့လည်း အရပ်သားတွေကို တောင်းဆိုခဲ့ကြောင်း ဆော်ဒီနိုင်ငံပိုင် တီဗွီသတင်းမှာ ဖော်ပြထားပါတယ်။ 

အရုဏ်မတက်မီ ပေါက်ကွဲမှုကြီးတွေ ဖြစ်ပွားရာ နေရာတွေက မီးနဲ့မီးခိုးများ ထွက်လာတာကို ဗီဒီယိုမှာ ပြသခဲ့ပါတယ်။ 

အီရန်နဲ့မဟာမိတ် ဟူသီလှုပ်ရှားမှုဟာ ဆော်ဒီကျောထောက်နောက်ခံပြု အစိုးရကို မြို့တော်ကနေ ဖယ်ရှားပြီးနောက်ပိုင်း ၂၀၁၅ ခုနှစ် မတ်လမှာ ယီမင်မှာဝင်ရောက်စွက်ဖက်ခဲ့တဲ့ ညွန့်ပေါင်းအဖွဲ့က မကြာသေးမီ ရက်တွေအတွင်းမှာ  ဆာနာရှိ  ဟူသီနေရာတွေကို အရှိန်မြှင့်တိုက်ခိုက်ခဲ့ပါတယ်။ 

ဟူသီတွေဟာ မောင်းသူမဲ့ လေယာဉ်တွေ၊ ဒုံးကျည်တွေနဲ့ ဆော်ဒီအာရေဗျကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ 

48 seconds Ago
Up