close

စစ်ဘေးအန္တရာယ်

close

April 4, 2022

မြန်မာနယ်စပ် ထိုင်းရွာတွင် စစ်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန် ဗုံးခိုကျင်းများပြုလုပ်လေ့ကျင့်

မြန်မာဘက်မှာ စစ်ကောင်စီတပ်နဲ့ ကေအန်ယူတို့ကြား တိုက်ပွဲတွေ စဉ်ဆက်မပြတ်ဖြစ်နေတဲ့အတွက် ဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ထိုင်းစစ်တပ်နဲ့ အုပ်ချုပ်ရေးဌာနတို့ပူးပေါင်းပြီး ဗုံးခိုကျင်းတွေ ပြုလုပ်ထားတယ်လို့ AEC ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါဗုံးခိုကျင်းကို တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်၊ ဘန့်ဆွန်အွဲ့အုပ်စု ဆေးရုံအနီးမှာ ပြုလုပ်ထားပြီး   တကျင်းကို အကျယ် ၃ မီတာ ၊အလျား ၁၅ မီတာရှည်လျားကြောင်း ၊  တကျင်းမှာ လူ ၃၀ ဦး ဆံ့ပြီးခိုင်ခံ့လုံခြုံစွာပြု လုပ်ထားတဲ့အတွက် ပြည်သူတွေအနေနဲ့ စိတ်ချယုံကြည်စွာ ခိုအောင်းနိုင်မယ်လို့  ထိုင်းစစ်တပ်တာဝန်ရှိက သတင်းထောက်ကို ပြောပါတယ်။

အရေးပေါ်အခြေအနေဖြစ်ပေါ်က ဗုံးခိုကျင်းထဲဝင်ရောက်ခိုလှုံရမယ့် လေ့ကျင့်မှုတခုကိုလည်း ဧပြီလ ၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ 

မြန်မာဘက်ခြမ်းကတိုက်ပွဲတွေကြောင့် လက်ရှိ  တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်၊ မဲ့ကျန်းအုပ်စု လေးတောင်တုရွာမှာ စစ်ဘေးရှောင်စုစုပေါင်း ၇၅၈ ဦးရောက်ရှိနေပါတယ်။

 ဧပြီ ၃ ရက်နေ့မှာ နောက်ထပ် အမျိုးသား ၁၅ ယောက် အမျိုးသမီး ၁၉ ယောက်နဲ့ ကလေး ၆ ယောက် စုစုပေါင်း အယောက် ၄၀ လောက် စစ်ဘေးရှောင်လာပြီး ၂၃ ဦးကတော့ သူတို့သဘောနဲ့သူတို့ နေရပ်ပြန်သွားခဲ့ကြပြီလို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Photo-AEC

2 mins Ago
Up