close

စစ်မှုထမ်း ဆင့်ခေါ်

close

September 23, 2022

ရုရှားတွင် စစ်ရေးအတွေ့အကြုံမရှိသူများကို စစ်မှုထမ်းရန် ဆင့်ခေါ်နေ

မော်စကိုမြို့ခံတယောက်ဖြစ်တဲ့ ဗစ်တာ ဘူဂရီယက်ဗ်ဟာ စစ်သင်တန်း မတက်ဘူးပေမဲ့ စစ်တပ်ကနေ ဆင့်ခေါ်စာ ရရှိခဲ့ကြောင်း စက်တင်ဘာ ၂၂ ရက်က ရုရှားမီဒီယာကို ပြောလိုက်ပါတယ်။

အသက် ၃၂ နှစ်အရွယ် ဘူဂရီယက်ဗ်ဟာ စီးပွားရေးသိပ္ပံရဲ့ ကိုယ်စားလှယ်လောင်းတယောက် ဖြစ်ပြီး Sberbank မှာ အိုင်တီကျွမ်းကျင်သူအဖြစ် အလုပ်လုပ်နေတာပါ။

သူဟာ စစ်တပ်အရန်တပ်ကို တခါမှ မရောက်ဖူးကြောင်းနဲ့ စစ်ရေးအတွေ့အကြုံလည်း လုံးဝမရှိခဲ့ကြောင်း ပြောပါတယ်။

သူ့ဆီကို စာရွက်စာတမ်းတွေ စက်တင်ဘာ ၂၁ ရက်မှာ ရောက်ရှိလာပြီး နောက်တနေ့မှာ မော်စကိုရှိ စစ်ကော်မရှင်ရုံးကို သတင်းပို့ရကြောင်း ပြောပြပါတယ်။

စစ်ထွက်လက်မှတ် ရရှိခဲ့ပြီးချိန်မှာ အဆိုးဆုံးအခြေအနေအတွက် သူ့ကျန်းမာရေးကို အကြောင်းပြခဲ့ပေမဲ့ စစ်ရုံးက သူ့ကျန်းမာရေးအုပ်စုဟာ စစ်ပွဲကာလမှာ ဆင့်ခေါ်နိုင်တဲ့ အခြေအနေဖြစ်ကြောင်း သူ့ကို ပြောခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆင့်ခေါ်စာကို ငြင်းဆန်ပြီး မသွားရင်လည်း ရာဇဝတ်မှုနဲ့ တရားစွဲခံရဦးမယ်လို့ ဘူဂရီယက်ဗ်က ပြောပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားရဲ့ ပထမဆုံး စည်းရုံးဆင့်ခေါ်မှု အဖြစ် စစ်သည်အင်အား ၃ သိန်း ခေါ်ယူဖို့ အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

6 mins Ago
Up