close

စစ်ယာဉ်တန်းတိုက်ခိုက်ခံရ

close

September 28, 2021

ပင်လောင်းမြို့နယ်၌ စစ်ယာဉ်တန်းတိုက်ခိုက်ခံရပြီး အယောက် ၂၀ ခန့် ဒဏ်ရာရ

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာအနီး စစ်ကောင်စီ ယာဉ်တန်းကို စက်တင်ဘာ ၂၇ ရက် ညနေ ၃နာရီခွဲက ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ဖယ်ခုံတပ်ရင်းမှ တိုက်ခိုက်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့ ဒီးမော့ဆိုမြို့နယ်ကို အင်အားဖြည့်တင်းဖို့ ထွက်လာတယ်လို့  ယူဆရတဲ့  ၄၅ စီးပါ စစ်ကောင်စီတပ်ယာဉ်တန်း  ကလောမြို့မှ ဖယ်ခုံမြို့ဘက်ကို ဆင်းလာစဉ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ဖယ်ခုံတပ်ရင်းက တိုက်ခိုက်ခဲ့တာပါ။

ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး အယောက် ၂၀  ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း၊ KNDF ဖယ်ခုံတပ်ရင်းမှ အထိအခိုက်မရှိခဲ့ကြောင်း KNDF က အတည်ပြု ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာမှ ဖယ်ခုံမြို့ဘက်သို့ ဆက်လက်ထွက်လာဖို့ ကြိုးစားနေချိန် ဖယ်ခုံမြို့နယ် နဲ့မိုးဗြဲအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ ရမ်းသန်း ပစ်ခတ်ခဲ့ရာ ပြည်သူအချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖယ်ခုံမြို့နယ် ခေါင်းအိ‌ကျေးရွာဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ အာဘော် မီဒီယာတွေမှာတော့ ထုတ်လွှင့်ခြင်းမရှိပါဘူး။ 

Photo - KNDF

5 mins Ago
Up