close

စစ်ရဟတ်ယာဉ်ပျံဝဲနေ

close

June 18, 2021

ဖားကန့်တဝိုက် စစ်ရဟတ်ယာဉ်ပျံဝဲနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နဲ့ အနီးတဝိုက်ကို ဒီနေ့ ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက စစ်ရဟတ်ယာဉ် ၂  စီးလာရောက်ပျံဝဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးနဲ့ ရိုးရိုး ရဟတ်ယာဉ် ၁ စီးဖြစ်ပြီး ဗျူဟာကုန်းမှာ ၁ စီးဆင်းသွားတာမြင်ရတယ်လို့ ဆိုပါတယ်။

ဖားကန့်၊ လုံးခင်း၊ မှော်စီစာတဝိုက် ဝဲပျံခဲ့ပြီး ဗျူဟာကုန်းမှာ ဆင်းတဲ့ရဟတ်ယာဉ်က ဘာပစ္စည်းတွေ တွေချသွားတယ်ဆိုတာကို အတည်ကျမသိရသေးပါဘူး။ 

ဖားကန့်မြို့ပေါ်တဝိုက်မှာ နာရီဝက်ခန့်ကြာ ပျံသန်းပြီးနောက်ပိုင်း ၂ စီးအတူပြန်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

12 hours Ago
Up