ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ စစ်ရာဇဝတ်သား ဖြစ်တယ်လို့ ပြောတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ စကားဟာ လက်မခံနိုင်စရာ ဖြစ်တယ်၊ အမေရိကန်ဟာ ပဋိပက္ခ အများအပြားမှာ ပါဝင်ပတ်သက်နေပြီး ရုရှားအပေါ် ဆရာလုပ်ဖို့ အခွင့်အရေး မရှိဘူးလို့ ရုရှားသမ္မတနန်းတော် ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က မတ် ၁၇ ရက်မှာ ပြောလိုက်ပါတယ်။
ယူကရိန်းနိုင်ငံထဲက ရုရှားစစ်ဆင်ရေးတွေကို အမြန်ရပ်နိုင်တဲ့ ယူကရိန်းနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် ဖြစ်နိုင်ချေအတွက် ဆွေးနွေးပွဲတွေမှာ ရုရှားအစိုးရက အားစိုက်ထားတယ်လို့လည်း သူက ပြောပါတယ်။
နိုင်ငံခြားငွေချေးစာချုပ်တွေကို ဝန်ဆောင်မှုပေးဖို့ လိုတဲ့ ရန်ပုံငွေတွေ ရုရှားမှာရှိလို့ ဘယ်လို ပျက်ကွက်မှုမဆို အတုအယောင်သာ ဖြစ်တယ်လို့လည်း ပဲ့စ်ကို့ဗ်က ပြောပါတယ်။
အလုပ်ကနေ နုတ်ထွက်ပြီး နိုင်ငံခြားကို ထွက်သွားသူတွေကို ရည်ညွှန်းရင်း ရုရှားက လူအများအပြားဟာ သူတို့ကိုယ်သူတို့ သစ္စာဖောက်တွေဆိုတာ ပြနေကြတယ်လို့လည်း ရုရှား သမ္မတနန်းတော်က ပြောပါတယ်။
ရုရှားသမ္မတ ပူတင်ဟာ မတ် ၁၆ ရက်က မိန့်ခွန်းအတွင်း အနောက်နိုင်ငံတွေဟာ ရုရှားကိုဖျက်ဆီးဖို့ ပဉ္စမမဏ္ဍိုင်အဖြစ် ရုရှားရဲ့ သစ္စာဖောက်တွေကို အသုံးချချင်နေတယ်လို့ ပြောခဲ့ပါတယ်။