close

စစ်ရေးမွမ်းမံသင်တန်းဆင်းပွဲ

close

December 21, 2021

ဒီးမော့ဆို PDF တပ်ဖွဲ့ စစ်ရေးမွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံ)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း တရင်းဖြစ်တဲ့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ရင်း (A) ရဲ့ စစ်ရေး မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက်မနက်က  ကယားပြည်နယ်အတွင်းက လွတ်မြောက်နယ်မြေမှာ ကျင်းပပါတယ်။

စစ်ရေးသင်တန်းဆင်းပွဲ အခမ်းအနားကို NUG ရဲ့ အလယ်ပိုင်းတိုင်း စစ်ဦးစီးချုပ်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ပြီး ဒီးမော့ဆို PDF ဗဟိုစစ်ကော်ရှင်အဖွဲ့ဝင်တွေ၊ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေ၊ မဟာမိတ်တပ်ဖွဲ့တွေ ရပ်မိရပ်ဖတွေနဲ့ ပြည်သူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် (DMO- PDF) ဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒထု‌တ်ဖော်ခဲ့ကြတဲ့ သပိတ်ခေါင်းဆောင်တွေနဲ့ စုဖွဲ့ထားတာ ဖြစ်ပြီး စစ်ကောင်စီကို ပထမဆုံး လက်နက်ကိုင်ခုခံတွန်းလှန်ခဲ့တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။

33 seconds Ago
Up