close

စစ်ရေးလှုပ်ရှားမှု

close

July 20, 2022

စစ်ကောင်စီ စစ်ရေးလှုပ်ရှားပြင်ဆင်မှုများကြောင့် တိုက်ပွဲပြင်းထန်လာနိုင်ဟု အေအေသတိပေး

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ဇူလိုင် ၁၈ ရက်နေ့က စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေနဲ့ စစ်ရေးပြင်ဆင်မှုတွေ ရှိလာတာကြောင့် တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ ရက္ခိုင့်တပ်တော်(အေအေ)က ပြည်သူတွေကို သတိပေးထုတ်ပြန်လိုက်ပါတယ်။

ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းက မောင်တောမြို့နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်အကြား တိုက်ပွဲဖြစ်ပွားမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့သေဆုံးကာ ရဲမှူးတဦးအပါဝင် သုံ့ပန်း ၁၄ ဦးကို ဖမ်းဆီးရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် စစ်ကောင်စီဟာ အရပ်သားပြည်သူလူထုတွေကို ညအချိန်မှာ ဝင်ရောက်ဖမ်းဆီးတာတွေ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အဖွဲ့ဝင်ကို လိုက်လံဖမ်းဆီးတာတွေ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် တရားရုံး၊ တရားရေးဝန်ထမ်းတွေကို အနှောင့်အယှက်ပေးတာတွေ၊ ဖမ်းဆီးရန်ကြိုးစားတာတွေ၊ ပြည်သူလူထုတွေ အပေါ်စိုးရိမ်မှုများဆက်တိုက်ဖြစ်ပေါ်စေတာတွေ၊ လက်နက်ကြီးတွေနဲ့ ခြိမ်းခြောက်ပစ်ခတ်တာတွေ၊ ပြည်သူလူထုတွေကို ပြန်ပေးဆွဲထားလိုမျိုး ပြုလုပ်ထားတာတွေစတဲ့ အချက်တွေအပြင် တိုက်ပွဲဖြစ်ပွားလိုတဲ့ ရန်စမှုတွေ ရန်လိုတဲ့ အပြုအမူတွေကို ဆက်တိုက် ပြုလုပ်လာတာကြောင့် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်လာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဇူလိုင် ၁၈ ရင်နေ့က မောင်တောမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားရာက စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ် တချို့နဲ့ ခဲယမ်းအများအပြားကို သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။

မြဝတီအုပ်အုပ်ချုပ်ရေးမှူးက "အခုလော လောဆယ်မှာ မောင်တောမြို့နယ်မြောက်ပိုင်း ဒေသက တည်ငြိမ်နေပါတယ်။ ရှေ့မှာဘာတွေဖြစ်လာမလဲ့ဆိုတာမသိဘူး။ မနေ့က (ဇူလိုင် ၁၈)  တိုက်ခိုက်မူဖြစ်ပွားပြီး အခုအချိန်အထိငြိမ်နေပါတယ်။ ဒါပေမယ့် နောက်ထပ်တိုက်ပွဲတွေ ဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေကြတယ်" လို့ ပြောပါတယ်။

မောင်တောမြောက်ပိုင်းဒေသခံကားသမားတဦးက "မောင်တောမြောက်ပိုင်းက လမ်းတွေကို မနေ့ကပိတ်ထားခဲ့ပေမယ့် ဒီနေ့ (ဇူလိုင် ၁၉) မှာ အာဏာပိုင်တွေပိတ်ထားတာ မရှိပါဘူး။ သွားလာခွင့်ပြုထားပါတယ်။ ဒါပေမယ့် မြောက်ပိုင်းဒေသခံတွေကတော သွားလာမူမရှိကြပါဘူး။ လှိုင်းကားတွေ မထွက်ကြဘူး။ မြောက်ပိုင်ကကျေးရွားသူ/သားတွေ အိမ်ပြင်မထွက်ဝံကြတောဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်မှ မောင်တောဖြစ်စဥ်ကြောင့် ဂျက်တိုက်လေယဥ်တွေ စစ်တွေကို ခေါ်ဆောင်ထားပြီး ရသေ့တောင်ဘက်က စစ်ကောင်စီတပ်တွေကိုလည်း မောင်တောမြို့နယ်မြောက်ပိုင်းကို အင်အားဖြည့်တင်းနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက သိရပါတယ်။

9 hours Ago

April 3, 2022

သင်္ကြန်ကာလ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်မည်ဟု မန္တလေးတိုင်း PDF ထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန်မှုတွေ မအောင်မြငေစေဖို့ သင်္ကြန်ကာလအတွင်း စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်လုပ်ဆောင်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးတိုင်း က ဧပြီ ၃ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းနေသယောင် ဝါဒဖြန့်လိုတာကြောင့် သင်္ကြန်ပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ပြည်သူများအနေနဲ့ သင်္ကြန်ကာလအတွင်းမဏ္ဍပ်တွေကို သွားရောက် လည်ပတ်တာ၊ KTV နဲ့ Private Club တွေမှာ စုစည်းပြီး ပျော်ပွဲရွှင်ပွဲများ ပြုလုပ်တာ၊ လူစည်ကားရာ နေရာတွေကို သွားရောက်ရေဆော့ကစားတာတွေ မလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေးတိုင်းက မေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် မန္တလေးမြို့ပေါ်က မြို့ပြ ပျောက်ကျားမဟာမိတ်တပ်ပေါင်းစုကလည်း ဧပြီလ ၄ ရက် နဲ့ ၅ ရက်နေ့တွေမှာ မနက် ၅ နာရီကနေ ၈ နာရီအချိန်အတွင်း ကျုံးပတ်လည်လမ်းတွေကို ဖြတ်သန်းသွားလာမလုပ်ဖို့ အသိပေးထားပါတယ်။

4 months Ago
Up