close

စစ်ရှောင်စာသင်ကျောင်း

close

November 21, 2022

ဂန့်ဂေါရှိ စစ်ရှောင်စာသင်ကျောင်း ၁၅ ကျောင်းကို NUG နှင့် ပအဖက ကျပ်သိန်း ၁၅၀ ထောက်ပံ့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်းက လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ စစ်ဘေးရှောင် စာသင်ကျောင်း ၁၅ ကျောင်းကို  အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလ ပညာရေးဝန်ကြီးဌာနနဲ့ မြို့နယ်ပအဖအဖွဲ့က နိုဝင်ဘာ ၂၀ ရက်မှာ ကျပ်သိန်း ၁၅၀ ထောက်ပံ့‌ခဲ့ပါတယ်။

ဂန့်ဂေါမြို့နယ်မှာ ကြားကာလကျောင်းပေါင်း ၈၆ ကျောင်းရှိတဲ့အနက် ကျောင်းသား ၅,၀၀၀ ကျော်ရှိတဲ့ ကျောင်း ၁၅ ကျောင်းကို ငွေကျပ်သိန်း ၁၅၀ ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။

NUG အစိုးရအနေနဲ့ အခက်အခဲအမျိုးမျိုးကြားကနေ ကြားကာလကျောင်း‌တွေကို ထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း၊ ကျန်ရှိနေတဲ့ ကျောင်းတွေကိုလည်း ဆက်လက်ထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံတယ်လို့ ဂန့်ဂေါနယ်က ကြားကာလပညာရေးဘုတ်အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ထောက်ပံ့ကြေးပေးအပ်တဲ့ အခမ်းအနားကို မြို့နယ်ပညာရေးဘုတ်အဖွဲ့က တာဝန်ရှိသူတွေ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ဝင်တွေ၊ ဆရာ ဆရာမတွေနဲ့ ရပ်မိရပ်ဖတွေ တက်ရောက်ခဲ့ကြတယ်လို့‌ ပြောပါတယ်။

2 mins Ago
Up