close

စစ်လက်နက်စခန်း

close

June 8, 2022

ယူကရိန်းလက်နက်စခန်း ၁ ခုကို ဖြိုချခဲ့ဟု ရုရှားစစ်တပ်ပြော

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ ဆင်ခြေဖုံးရှိ ယူကရိန်း စစ်လက်နက်စခန်းတခုကို ဖြိုချခဲ့တယ်လို့ ရုရှားစစ်တပ်က ဇွန် ၅ ရက်မှာ ပြောကြားခဲ့ပြီး ယူကရိန်းဘက်ကလည်း ဒွန်နက်စ်ခ်နဲ့ လူဟန့်စ်ခ်‌ဒေသတွေမှာ ရုရှားတပ်တွေကို အကြိမ်ကြိမ် ပြန်လည်တွန်းလှန်ခဲ့ကြောင်း ပြောပါတယ်။

ရုရှားစစ်တပ်ဟာ တင့်ကားတွေနဲ့ တခြားနိုင်ငံတွေကနေ ပေးထားတဲ့ လက်နက်တွေကို ဖျက်ဆီးဖို့ တိကျတဲ့ တာဝေးပစ်ဒုံးကျည်တွေကို အသုံးပြုခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး အီဂေါ ကိုနာရှန်ကော့ဗ်က ဇွန် ၅ ရက် နေ့စဉ် သတင်းအကျဉ်းချုပ်မှာ ပြောကြားခဲ့ပါတယ်။

ရုရှားလေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့တွေဟာ လက်နက်တွေ တင်ဆောင်လာတဲ့ ယူကရိန်း စစ်ကုန်တင်လေယာဉ်တစင်းကို အိုဒက်ဆာအနီးမှာ ပစ်ချခဲ့တယ်လို့လည်း ဆိုပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ဇွန် ၅ ရက်က ကိယက်ဗ်မြို့ကို ခရုဇ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒုံးကျည်တခုကို ယူကရိန်းဘက်မှ ကြားဖြတ်ဟန့်တားနိုင်ခဲ့ပေမဲ့ ကျန်တခုကတော့ ကိယက်ဗ် မြောက်ပိုင်းရှိ အဆောက်အအုံတွေကို ထိမှန်သွားတယ်လို့ ယူကရိန်းဘက်က ဆိုပါတယ်။

ယူကရိန်းတပ်တွေဟာ ဒွန်နက်စ်ခ်နဲ့ လူဟန့်စ်ခ်တို့မှာ ရုရှားစစ်တပ်ရဲ့ တိုက်ခိုက်မှုအများအပြားကို ချေမှုန်းခဲ့ပါတယ်။

ရုရှား-ယူကရိန်း နယ်စပ်အနီးရှိ ခူရက်စ်ဒေသက ရွာတရွာကို ဇွန် ၆ ရက်က ယူကရိန်းတပ်ဖွဲ့တွေ အမြောက်နဲ့ပစ်ခတ်ခဲ့လို့ တံတားတစင်းနဲ့ စက်ရုံတရုံ ပျက်စီးခဲ့တယ်လို့ ဒေသတွင်း အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း ယူကရိန်းဘက်ကတော့ ပျက်စီးဆုံးရှုံးမှုအတွက် အစားပေးဖို့ တုံ့ပြန်မှု တစုံတရာ မရှိသေးပါဘူး။

အမေရိကန်က ယူကရိန်းကို ရွေ့လျားနိုင်စွမ်းမြင့်မားတဲ့ အမြောက် ဒုံးပျံစနစ် (HIMARS) တွေ အပါအဝင် လုံခြုံရေးအကူအညီ အစီအစဥ်အသစ်နဲ့ တာလတ်ပစ် ဒုံးပျံစနစ်တွေ ပေးပို့သွားမယ်လို့ ဇွန် ၇ ရက်က ပြောပါတယ်။

အနောက်နိုင်ငံတွေက ယူကရိန်းကို ဆက်လက် ပံ့ပိုးကူညီတာတွေကြောင့် ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇွန် ၆ ရက်နေ့ ရုပ်မြင်သံကြားအင်တာဗျူးတခုမှာ ပြောကြားခဲ့ရာမှာ တကယ်လို့ အမေရိကန်က ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေ ပေးပို့ရင် ရုရှားက သင့်တော်သလို ကောက်ချက်ဆွဲ ဆုံးဖြတ်ပြီး ပစ်မှတ်အသစ်တွေကို ပစ်မယ်လို့ ဆိုပါတယ်။

အနောက်နိုင်ငံတွေရဲ့ လုပ်ဆောင်ချက်ဟာ လက်နက်ကိုင်ပဋိပက္ခကို ရှည်အောင် ဆွဲဆန့်တဲ့ ရည်မှန်းချက်တခုပဲ ရှိတယ်လို့ ပူတင်က ပြောပါတယ်။

အမေရိကန်နဲ့ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) က ယူကရိန်းကို လက်နက်တွေ ဆက်တိုက်ထောက်ပံ့နေမှုဟာ ရုရှား-ယူကရိန်း ပဋိပက္ခကို တိုးမြင့်လာစေတယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

1 min Ago
Up