close

စစ်သည်

close

May 5, 2022

ဖားကန့်ဒေသသို့ စစ်ကောင်စီတပ်က လက်နက်နှင့် စစ်သည်အချို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်

ကချင်ပြည်နယ်၊ ဖားကန့်မြို့လယ် ဗျူဟာကုန်းမှာ မေ ၅ ရက် မွန်းလွဲ ၁၂နာရီခွဲလောက်က စစ်ရဟတ်ယာဉ် တစီးဆင်းသက်ခဲ့ပြီး လက်နက်တချို့နဲ့ စစ်ကောင်စီတပ်သားတချို့ကို  လာရောက်ပို့ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖားကန့်ဒေသခံတစ်ဦးက “ရဟတ်ယာဉ်က လက်နက်တချို့သယ်ပြီး ဆင်းသွားကြတာ။ စစ်သားတွေလည်း ဆင်းသွားတယ်။ ရဟတ်ယာဉ်ကတော့ ချက်ချင်းပြန်သွားတယ်။ အရင်တုန်းကလည်း လက်နက်လို့ထင်ရတဲ့ အထုပ်တွေ လာချသွားတာတော့ ရှိတယ်။ အဲ့တုန်းကတော့ စစ်သားတွေမပါဘူး။ အထုပ်ချပြီး ပြန်သွားကြတာ။ အခုတော့ စစ်ရေးတင်းမာလာတော့မှာလားဆိုပြီး ဒေသခံတွေက စိုးရိမ်နေကြပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ်တွေနဲ့ ဖားကန့်မြို့ ဗျူဟာကုန်းပေါ်ကို လတိုင်း လက်နက်လို့ ယူဆရတဲ့ အထုပ်တွေ လာရောက်ပို့ဆောင်လေ့ ရှိတယ်လို့ သိပါတယ်။

စစ်ရဟတ်ယာဉ်တွေ လာရောက်ပြီးနောက်မှာ ဗျူဟာကုန်းပေါ်ကနေ လက်နက်ကြီးနဲ့ ရမ်းပစ်လေ့ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖားကန့်မြို့ကို ဩဂုတ်လလယ်လောက်ကစပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာဟာလည်း ၈ လကျော် ရှိလာပြီဖြစ်ပါတယ်။

13 hours Ago

August 11, 2020

ကိုဗစ်-၁၉ လူနာ တပ်မတော် အရာရှိ၊ စစ်သည် ၁၆ ဦး ဆေးရုံမှ ဆင်း  

အိန္ဒိယနိုင်ငံက ပြန်လာတဲ့ ကိုဗစ်-၁၉ လူနာ တပ်မတော် အရာရှိ၊ စစ်သည် ၁၆ ဦးမှာ  နှစ်ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရှိရလို့  ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီး  တပ်မတော်အတွင်း  ကိုဗစ် ရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာ ကင်းစင်သွားပြီလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ အိန္ဒိယမှာ သင်တန်းတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာတဲ့ တပ်မတော် အရာရှိ၊ စစ်သည် ၁၆ ဦးမှာ ကိုဗစ်-၁၉  ရောဂါပိုးတွေ့ရှိခဲ့လို့ တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး(မင်္ဂလာဒုံ) မှာ  ဆေးကုသမှုပေးနေတာ ဖြစ်ပါတယ်။ အဆိုပါအရာရှိ၊ စစ်သည်တွေရဲ့  နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့အားရယူကာ Polymerase Chain Reaction(PCR) နည်းနဲ့ ထပ်မံဓာတ်ခွဲစစ်ဆေးရာမှာ နှစ်ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရှိရလို့  ရောဂါပိုးကင်းစင်လာသူတွေအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ဆေးရုံကနေ ဆင်းခွင့်ပြုခဲ့တာပါ ။ သူတို့ကို Hospital Quarantine ထပ်မံထားရှိခဲ့ပြီး ဇူလိုင် ၃ ရက်မှာ ၃ ဦး၊ ဇူလိုင် ၂၄ ရက်မှာ  ၂ ဦး၊ ဇူလိုင် ၂၉ ရက်မှာ ၆ ဦး၊ ဩဂုတ် ၄ ရက်မှဦ ၂ ဦးနဲ့ ဩဂုတ် ၇ ရက်မှာ ၃ ဦး၊ စုစုပေါင်း ၁၆ ဦး တို့ကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ကာ သတ်မှတ်နေရာတွေမှာ အသွားအလာဆက်လက်ကန့်သတ် စောင့်ကြပ် ထားရှိတယ်လို့ တပ်မတော်ထုတ်ပြန်ချက်အရ သိရပါတယ်။
2 years Ago
Up