close

စစ်သားစုဆောင်းရေးရုံး

close

April 15, 2023

ပုသိမ်မြို့ရှိ စစ်သားစုဆောင်း​ရေးတပ်ရှေ့ ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်ရှိ စစ်ကောင်စီတပ်ရဲ့ စစ်သားစုဆောင်းရေးတပ် ဂိတ်ရှေ့မှာ ဧပြီ ၁၅ ရက်နေ့ ညက ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

စစ်သားစုဆောင်းရေးတပ်ရှေ့က စစ်ဆေးရေးဂိတ် ဘန်ကာကို ဒီည ၇ နာရီ ၄၀ လောက်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ဒီဗွီဘီကိုပြောပါတယ်။

“အဲ့လမ်းက ခရိုင်ရဲမင်းကြီးအိမ်ရှိတဲ့လမ်း၊ တိုက်ခိုက်တာတော့ စစ်သားစုဆောင်းရေးလုပ်တဲ့ တပ်ရှေ့က ဘန်ကာကိုတိုက်တာပါ။ ပေါက်ကွဲမှုတော့ ဖြစ်သွားတယ်၊ ထိခိုက်မှုတော့ အတည်ပြုမရသေးဘူး။''

ဗုံးပေါက်ကွဲမှုဟာ မြို့ပေါ်ရပ်ကွက်တွေက အကုန်ကြားရပြီး အိမ်တုန်ခါတဲ့အထိ ပြင်းထန်တယ်လို့ ပုသိမ်မြို့ခံတဦးက ပြောပါတယ်။

“ပေါက်တဲ့အသံကတော်တော်ကျယ်တယ်၊ အိမ်ပါတုန်သွားတာ၊ ခဏနေမှာ သူငယ်ချင်းပြောလို့ ဗုံးကွဲတယ်ဆိုတာ သိရတာ။” 

ဗုံးပေါက်ကွဲပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက လမ်းပိတ်ဆို့ပြီး စစ်ဆေးနေတာကြောင့် ထိခိုက်မှုအခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

10 hours Ago

September 27, 2022

ရုရှား စစ်သားစုဆောင်းရေးရုံးအတွင်း သေနတ်သမား ၁ ဦး ဝင်ရောက်ပစ်ခတ်

ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသက၊ ဥစတေးမင့်စ်ခ်မြို့မှာ စက်တင်ဘာ ၂၆ ရက်က သေနတ်သမား တစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

သေနတ်သမားဟာ စစ်ရေးချုပ်ရုံး စစ်သားသစ်စုဆောင်း မှတ်ပုံတင်တဲ့ ရုံးခန်းအတွင်း လူတစ်ဦးထက်မနည်းကို ပစ်ခတ်နေပြီး တခြားလူတွေ ပြေးလွှားနေတာကို ဆိုရှယ်မီဒီယာပေါ်မှာ လွှင့်တင်ထားတဲ့ ဗီဒီယိုတစ်ခုမှာ  တွေ့ရပါတယ်။ 

ယူနီဖောင်းဝတ်အရာရှိတွေကိုတော့ အဆောက်အအုံအပြင်ဘက်က မြေပြင်ပေါ်မှာ ထိန်းသိမ်းခံထားရ သူ တစ်ဦးနဲ့အတူ တွေ့ရပါတယ်။ ဖမ်းဆီးထားတဲ့ သေနတ်သမားကို လုံးဝ အပြစ်ပေးမယ်လို့ အီယာကွတ်စ်ခ်ဒေသ အုပ်ချုပ်ရေးမှူးက တယ်လီဂရမ်မှာ ရေးခဲ့ပါတယ်။

မော်စကိုမြို့တော် အရှေ့တောင်ဘက် ၁၁၅ မိုင်အကွာ ဇီယာဇန်မြို့က ဘတ်စ်ကားဂိတ်တစ်ခုမှာလည်း ယူကရိန်းမှာ စစ်မတိုက်ချင်ဘူးလို့ ကြွေးကြော်ရင်း အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်းကို ရောက်နေတဲ့ ရုရှားတပ်ဖွဲ့တွေ အင်အားကောင်းလာစေဖို့ စက်တင်ဘာ ၂၁ ရက်မှာ အရန်စစ်သည်အင်အား ၃သိန်း စည်းရုံး သိမ်းသွင်းဖို့ အမိန့်ထုတ်ပြီးကတည်းက စစ်ရေးချုပ်ရုံးအများအပြား တိုက်ခိုက်ခံနေရတာပါ။

ဒါဂျက်စတန်နဲ့ ယာကူရှာဒေသတွေမှာ သီတင်းပတ်ကုန်ရက်က စစ်သားစုဆောင်းရေး စစ်ရေးချုပ်ရုံးကို ဆန့်ကျင်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဒီ နှစ်ရုံးစလုံးဟာ ယူကရိန်းစစ်ပွဲအတွက် စစ်သားအရေအတွက်ကို ဒေသခံ လူဦးရေနဲ့ အချိုးမညီ လောက်အောင် ထောက်ပံ့ပေးခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ 

7 months Ago
Up