close

စစ်သားနှင့် ရဲ

close

October 15, 2021

ခုခံစစ်ကြေညာပြီး ၁လအတွင်း CDM စစ်သားနှင့် ရဲ ၇၆၀ ကျော်ရှိလာ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  ခုခံတွန်းလှန်စစ်ဆင်နွှဲကြဖို့ စတင်ကြေညာခဲ့တဲ့ စက်တင်ဘာ ၇ ရက်ကနေစပြီး တစ်လ အတွင်း စစ်သား ၄၂၉ ယောက်နဲ့ ရဲ ၃၃၄ ယောက် စုစုပေါင်း ၇၆၃ ယောက် ပြည်သူ့ရင်ခွင်ကို ခုံလှုံလာတယ်လို့ NUG ကာကွယ်ရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲဒီစာရင်းဟာ ပြည်သူ့ရင်ခွင်အဖွဲ့တစ်ခုတည်းထံကို  ဆက်သွယ်လာတဲ့ အရေအတွက်ဖြစ်ပြီး တခြားအဖွဲ့အစည်းတွေရဲ့ ကူညီမှုကြောင့် လွတ်မြောက်နယ်မြေကို ရောက်ရှိလာသူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံကို ရောက်ရှိလာတဲ့ သူတွေရဲ့စာရင်းတွေ မပါရှိသေးဘူးလို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့ရင်ခွင်ခိုလုံလာတဲ့ စစ်သားနဲ့ရဲတွေကို CDM ကုဒ်နံပါတ်တွေထုတ်ပေးနေပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းခဲ့တဲ့အချိန်ကနေ ဒီကနေ့အထိ CDM လုပ်ထားတဲ့ စစ်သားနဲ့ ရဲ ၄၀၀၀ နီးပါးအထိရှိနေပြီ ဖြစ်ပါတယ်။

3 mins Ago
Up