close

စစ်သား ၁၀ ဦးထက်မနည်း သေဆုံ

close

September 15, 2021

ကန်ပက်လက်နှင့် ဆောမြို့နယ်အစပ်တွင် တိုက်ပွဲဖြစ်၊ စစ်သား ၁၀ ဦးထက်မနည်း သေဆုံး

ချင်းပြည်နယ် ကန်ပက်လက်နဲ့ မကွေးတိုင်း ဆောမြို့နယ် အစပ်မှာ စက်တင်ဘာ ၁၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ CDF တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မနေ့ မနက် ၁၀ နာရီလောက်ကစလို့ ကန်ပက်လက် CDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ အများအပြားလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပြီးတော့ ပစ်ခတ်ပေမယ့် ကန်ပက်လက် CDF ဘက်က အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ဆောနဲ့ကန်ပက်လက်ကြားကို့ အသွားလာတွေ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။

ဆောနဲ့ ကန်ပက်လက်ကြားမှာ ဒီကနေ့ စက်တင်ဘာလ ၁၅ ရက် မနက်ပိုင်းမှာလည်း CDF ကန်ပက်လက်နဲ့ အကြမ်းဖက်စစ်အုပ်စုတွေ တိုက်ပွဲ ပြင်းထန်နေပြီး ဆော PDF က ဝန်းရံပေးခဲ့ကာ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆော PDF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဆော PDF ထုတ်ပြန်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေ သေဆုံးတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

13 mins Ago
Up