close

စစ်အရာရှိဟောင်း

close

April 2, 2022

စစ်အာဏာရှင်လက်ထက် စစ်ကြောရေးစခန်း၌ ရာဇဝတ်မှုကျူးလွန်သူ စစ်အရာရှိဟောင်းများကို အာဂျင်တီးနာတရားရုံးက ပြစ်ဒဏ်ချ

အာဂျင်တီးနားတရားရုံးတခုက တိုင်းပြည်စစ်အာဏာရှင်အုပ်စိုးမှုကာလအတွင်း ဗတ်ဆူဗြိုလို့ လူသိများတဲ့ လျှို့ဝှက်စစ်ကြောရေးစခန်းတခုမှာ ရာဇဝတ်မှုတွေကျူးလွန်ခဲ့တဲ့ စစ်အရာရှိ ဟောင်းတွေကို ဧပြီ ၁ ရက်က ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ 

စစ်တပ်အကြီးအကဲဟောင်း ဒေးဗစ် ကာဘရာက  ဗျူနိုအေးရိစ်မြို့ တရားရုံးမှာ ထောင်ဒဏ်တသက်တကျွန်းပြစ်ဒဏ် ဆုံးဖြတ်ချက်ကို နားထောင်နေချိန် တဘက်မှာ စစ်အာဏာရှင်စနစ်အောက် အသက်ဆုံးရှုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကလည်း အောင်ပွဲခံနေပါတယ်။ 

အသက်ဆုံးရှုံးခဲ့တဲ့ နိုင်ငံရေးသမားတဦးရဲ့သမီး ဗီရိုနီကာကက်စ်တာလီ “ထောင်ဒဏ် တသက်တကျွန်း ဆုံးဖြတ်ချက်နှစ်ခုကို ရည်ညွှန်းပြီး လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ကျူးလွန်ခဲ့သူ တွေကို ကြီးမားတဲ့ ပြဏ်ဒဏ်ပေးဖို့ လူ့အဖွဲ့အစည်းက ထိုက်တန်ပါတယ်”လို့ ပြောပါတယ်။ 

အာဂျင်တီးနားမှာ ၁၉၇၆-၁၉၈၃ စစ်အာဏာရှင်ခေတ်ကာလအတွင်း လက်ဝဲဝါဒီ ထောင်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရတာပါ။ 

အာဏာရှင် ရာဖေး ဗီဒီလာ ကိုယ်တိုင်လည်း သူ့ရဲ့နောက်ဆုံးနေ့တွေက ထောင်ထဲမှာပဲ ကုန်ဆုံးခဲ့ရတာပါ။ 

သူအုပ်စိုးတဲ့ကာလအတွင်း စစ်ကြောရေးစခန်းတွေမှာ နှိပ်စက် သတ်ဖြတ်ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား အများအပြားရှိပြီး သူတို့ကလေးတွေကို စနစ်တကျ ခိုးယူသတ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု တွေကြောင့် ထောင်ဒဏ်တသက်ကျွန်း ချမှတ်ခံခဲ့ရတာပါ။ 

7 mins Ago
Up