close

စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ

close

April 12, 2023

ဖားကန့်တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ (ဓာတ်ပုံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဧပြီ ၁၂ ရက် ဒီနေ့မနက် ဒေသခံတိုင်းရင်းသား ပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး KIA PDF NUG ထောက်ခံပွဲပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒပြပြည်သူတွေက တော်လှန်သင်္ကြန် ပြည်သူ့အသံ၊ သွေးစွန်းသင်္ကြန်ကို ပြည်သူအားလုံး သပိတ်မှောက်ကြ ၊KIA PDF တိုက်ပွဲတိုင်းနိုင်ပါစေ ၊NUG အစိုးရ ဒို့အစိုးရ ၊ တရားမဝင်ရွေးကောက်ပွဲ လူထုအားဖြင့်တိုက်ဖျက်ကြ ၊ လူထု သစ္စာဖောက် နိုင်ငံရေးပါတီများ အလိုမရှိ၊ လူထုတိုက်ပွဲ အရှိန်မြှင့်ကြ၊ ဘုံရန်သူကို ချေမှုန်းကြ၊ ဖက်ဆစ်စစ်တပ်လုံးဝအုပ်ချုပ်ခွင့်မရစေရ စတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်။

7 mins Ago

November 20, 2022

အလှမယ်ဟန်လေး အပါအဝင် ကနေဒါရောက်မြန်မာများ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြ

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီအကြမ်းဖက်အဖွဲ့ကို ဆန့်ကျင်ရှုတ်ချတဲ့ ဆန္ဒ ထုတ်ဖော်ပွဲကို ကနေဒါနိုင်ငံ၊ တိုရန်တိုမြို့ရှိ မြို့တော်ခန်းမရှေ့မှာ ဒေသစံတော်ချိန် နိုဝင်ဘာ ၁၉ ရက် စနေနေ့ မွန်းလွဲပိုင်းက ကျင်းပသွားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ကောင်စီဟာ စစ်လေယာဉ်တွေနဲ့ အရပ်သားပြည်သူတွေရဲ့ ရပ်ကွက်ကျေးရွာလူနေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်တာ၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာ၊ အပြစ်မဲ့ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်တာတွေ ပြုလုပ်နေတဲ့အပေါ် ဆန့်ကျင်ကန့်ကွက်ဆန္ဒပြတာ လို့ ဆန္ဒပွဲစီစဉ်တဲ့ တိုရန်တိုရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေကဆိုပါတယ်။

ဒီဆန္ဒပြပွဲမှာ မြန်မာအလှမယ် ဟန်လေးအပါအဝင် ကနေဒါရောက် မြန်မာပြည်ဖွားတိုင်းရင်းသား ပေါင်းစုံ စုပေါင်းပါဝင်ဆန္ဒပြခဲ့ကြပါတယ်။

5 months Ago
Up