close

စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်

close

July 10, 2022

ကနီမြို့တွင် ကျဆုံးပြည်သူ ၁၆ ဦး ၁ နှစ်ပြည့်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ် (ဓာတ်ပုံ)

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက သတ်ဖြတ်လို့ ကျဆုံးခဲ့တဲ့ ဒေသခံပြည်သူ ၁၆ ဦးရဲ့ ၁ နှစ်ပြည့် အခမ်းအနားနဲ့ စစ်အာဏာရှင် အမြစ်ပြတ် ကျဆုံးရေး လူထုသပိတ်ကို ဇူလိုင် ၁၀ ရက်‌နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဇူလိုင် ၉ နဲ့ ၁၀ ရက်နေ့တွေက ကလေးမြို့ အခြေစိုက်  အကြမ်းဖက် စစ်‌ကောင်စီတပ်ဖွဲ့ တပ်ရင်း-၂၂၈၊ တပ်မ ၄၄ နဲ့ တပ်မ ၉၉ တပ်ရင်း ၂ ရင်းတို့က ကနီမြို့နယ်ထဲရှိ ကျေးရွာတွေကို မွှေနှောက်လုယက်ပြီး ခင်တန်းရှည်ကုန်းအနီးမှာ ပြည်သူ ၁၆ ဦးအား ဖမ်းဆီး သတ်ဖြတ်ခဲ့တာပါ။

"အကြမ်းဖက် စစ်အုပ်စုက ပြည်သူ ၂၆ ဦးကို ဖမ်းဆီးညှဉ်းပန်းခဲ့ပြီး အမျိုးသမီးတွေကို ပြန်လွှတ်ပေးကာ အမျိုးသား ၁၆ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာ” လို့ ကနီမြို့နယ် လူထုသပိတ်ကော်မတီက ပြောပါတယ်။

ဦးစိုးအောင်၊ ဦလှပို၊ ဦးကျော်ငွေ၊ ဦးတင့်၊ ဦးအေးကို၊ ဦးဇော်ထွန်း၊ ဦးခင်မောင်မြင့်၊ ကိုတင်ကျော်အောင်၊ ကိုဇင်သူအောင်၊ ကိုဇော်ဌေး၊ ကိုသန်းမင်းဦး၊ ကိုမင်းချစ်ဦး၊ ကိုချစ်ဆူ၊ ကိုဇော်မင်းဌေး၊ ကိုဉာဏ်ထွန်း၊ ကိုသာပြည့်စုံတို့ အသတ်ခံရတာလို့ ဆိုပါတယ်။

ကနီမြို့နယ် ယင်းရွာက ၁၃ ဦး၊ ကုန်းသာရွာက ၁ ဦး၊ ထောက်ကြံ့ကုန်းရွာက ၁ ဦးနဲ့ ရေဦးမြို့နယ် ပလူဇဝရွာက ၁ ဦး ဖြစ်တယ်လို့ ကနီမြို့နယ် လူထုသပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-ကနီမြို့နယ် လူထုသပိတ်

9 hours Ago

February 28, 2022

မုံရွာမြို့ ၌ ကျောင်းသားများ ပထမဆုံးဖြိုခွင်းခံရသည့် ၁ နှစ်ပြည့်အထိမ်းအမှတ် ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်တဲ့ ကျောင်းသားတွေပထမဆုံး ဖြိုခွင်းခံရတဲ့ ၁ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဖေဖော်ဝါရီ  ၂၇ ရက်က ဒေသခံတွေက  အာဏာသိမ်း စစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်တဲ့လူငယ်တယောက်က “မုံရွာမြို့မှာ စစ်ကောင်စီက အာဏာသိမ်းလိုက်ကတည်းက ပြည်သူတွေအားလုံးက လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတာကို စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့နှစ် အခုလိုနေ့မျိုးမှာစတင် ပစ်ခတ်ပြီး လူသတ်ပွဲ စတင်ခဲ့တာပါ။ အဲ့ဒီလို စတင်နှိမ်နင်းခံရတဲ့ ပထမဆုံနေရာက ပြသာဒ်ကျောင်းမှာပါ။ အခုတော့ တနှစ်ပြည့်သွားပါပြီ။ သူတို့က လူကိုသာသေနတ်နဲ့ ပစ်သတ်လို့ရချင်ရမယ်၊ အမှန်တရားကိုလိုချင်လို့ တော်လှန်နေတဲ့စိတ်ကိုတော့ သတ်ပစ်လို့မရဘူး"လို့ ဆန္ဒပြပွဲ ဦးဆောင်တဲ့လူငယ်တယောက်က ပြောပါတယ်။

ဒီနေ့ဆန္ဒပြပွဲမှာ မုံရွာမြို့ခံလူငယ်‌တွေက ကြွေးကြော်သံတွေ ဗွီနိုင်းပိုစ်တာတွေ ကိုင်ဆောင်ကာ မုံရွာ မြို့ရဲ့ နေရာအသီးသီးမှာ ဖိနပ်စုတ်တွေဖြန့်ကြဲပြီး  စစ်အာဏာရှင်ကို အလိုမရှိကြောင်း ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။

ဒီနေ့ဆန္ဒပြပွဲကို မုံရွာမြို့ပေါ်ရပ်ကွက်တွေက ပိတ်စစ်ကြောင်း၊ မုံရွာလူငယ်များအစည်းရုံးနဲ့ မုံရွာ အခြေခံပညာကျောင်းသားများ သမဂ္ဂတို့ ပူးပေါင်းပြုလုပ်ခဲ့ကြတာပါ။

4 months Ago
Up