close

စစ်အာဏာရှင်ဆန့်ကျင်

close

July 26, 2022

ဘန်ကောက်တွင် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ (ဓာတ်ပုံ)

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း  ဦးဖြိုးဇေယျာသော်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က သေဒဏ်စီရင်လိုက်ပြီးနောက် ထိုင်းရောက် မြန်မာပြည်သူပြည်သားတွေက ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကို  ဇူလိုင် ၂၆ ရက်က သွားရောက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ 

9 seconds Ago

June 25, 2022

ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်းအထိမ်းအမှတ် လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြ

ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်ပြည့် အကြိုအထိမ်းအမှတ်အနေနဲ့ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ဇွန် ၂၅ ရက် မနက်ပိုင်းက လူငယ်တွေက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားခေါင်းဆောင် ချင်းတိုင်းရင်းသား ဆလိုင်းတင်မောင်ဦးဟာ ၁၉၆၉ ကနေ ၁၉၇၆ ခုနှစ်အထိ မဆလ တစ်ပါတီအာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့လို့ ဖမ်းဆီးခံခဲ့ရပြီး ၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်မှာ အင်းစိန်ထောင်အတွင်း ကြိုးပေး ကွပ်မျက်ခံခဲ့ရတာဖြစ်ပါတယ်။

ကြိုးပေးသတ်ဖြတ်ခြင်းမပြုမီ အာဏာရှင်တွေက စစ်ခုံရုံးမှာ အသနားခံရင် ပြစ်ဒဏ်လျှော့ပေးမယ်လို့ ပြောခဲ့ပေမဲ့ ဆလိုင်းတင်မောင်ဦးကတော့ "မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး" လို့ ရဲဝံ့စွာတုံ့ပြန်ပြီး အသက် အသေခံခဲ့တာဖြစ်ပါတယ်။

1 month Ago
Up