close

စစ်အာဏာရှင်ပြုတ်ကျရေး

close

June 21, 2021

စစ်အာဏာရှင်ပြုတ်ကျရေး မြိုင်ပြည်သူရာချီ ဆိုင်ကယ်သပိတ်လုပ်

မကွေးတိုင်း မြိုင်မြို့နယ် မြောက်ပိုင်းဇုန်မှာ ဇွန် ၂၁ ရက် မနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ ပြုတ်ကျရေးအတွက် လူဦးရေ ရာနဲ့ချီ ဆန္ဒပြခဲ့ကြတယ်လို့ သပိတ်ကော်မတီကနေ သိရပါတယ်။

အခြေခံပညာအထွေထွေသပိတ်ကော်မတီနဲ့ မြောက်ပိုင်းဇုန်မှာရှိတဲ့ ဒေသခံပြည်သူ ရာနဲ့ချီ ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီပြုတ်ကျရေးအတွက် နေ့စဉ်ရက်ဆက် အလံမလိပ်၊ အသံမတိတ်ဘဲ ချီတက်ဆန္ဒပြနေတာလို့ သပိတ်ကော်မတီ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

မတ် ၁၁ ရက်က မြိုင်မြို့မှာ အကြမ်းဖက်စစ်ကောင်စီက သေနတ်နဲ့ပစ်သတ်လို့ ကျဆုံးခဲ့ရတဲ့ သူရဲကောင်း ၆ ယောက်အပါဝင် နိုင်ငံတစ်ဝှမ်း ကျဆုံးခဲ့တဲ့ အာဇာနည် သူရဲကောင်းတွေအတွက် သွေးကြွေးဆပ်တဲ့အနေနဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ် တော်လှန်သွားမယ်လို့ ဆိုပါတယ်။

လမ်းပေါ်က သပိတ်တိုက်ပွဲ၊ CDM တိုက်ပွဲနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(PDF) တို့ ဟန်ချက်ညီညီ တော်လှန်ပါက မကြာခင် အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ဖြုတ်ချနိုင်မယ်လို့ သပိတ်ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

4 days Ago

May 9, 2021

ရတနာပုံတက္ကသိုလ် ကျောင်းသား ကျောင်းသူများနှင့် ပြည်သူ ပူးပေါင်းပြီး စစ်အာဏာရှင် စနစ်ပြုတ်ကျရေး ချီတက်ဆန္ဒပြ

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ မေ ၉ ရက် မနက်ပိုင်းက ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းသူတွေနဲ့ ပြည်သူလူထု ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် စစ်ကြောင်းမှာပါတဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းသူတွေဟာ အာဏာသိမ်းစစ်ကောင်စီက အသက်သွင်းနေတဲ့ စစ်ကျွန်ပညာရေးစနစ်အောက်မှာ ပညာမသင်လိုတဲ့အတွက် သပိတ်မှောက်ထားကြပါတယ်။

2 months Ago
Up