close

စစ်​ကောင်စီတပ်ဖွဲ့

close

February 11, 2022

ယင်းမာပင်တွင် စစ်​ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၁၀ ဦးထက်မနည်း ​သေဆုံး

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာ ​ဖေ​ဖော်ဝါရီ ၁၁ ရက်မနက်ပိုင်းက စစ်​ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

လုံခြုံ​ရေးရဲတပ်ဖွဲ့ခွဲ အမှတ် (၂၈) ဟာ ​အောင်မိုး​ကျေးရွာကြားမှာ မနက် ၉ နာရီဝန်းကျင်​လောက်က မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ ​ဒေသခံ​တွေက ​ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှု​ကြောင့် စစ်​ကောင်စီတပ်သား ၁၀ ဦးထက်မနည်း ​သေဆုံးခဲ့သလို  ဒဏ်ရာရရှိတဲ့သူ​တွေလည်းရှိတယ်လို့ သိရ​ကြောင်း၊ ​တိုက်ခိုက်ခံရအပြီး စစ်​ကောင်စီ တပ်သားအချို့ဟာ ​သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သလို ​အောင်မိုး​​ကျေးရွာက ​နေအိမ်တွေကိုလည်း မီးရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။

နေအိမ်ဘယ်နှလုံး မီးရှို့ခံရတယ်ဆိုတာ အတိအကျမသိရ​သေးဘဲ ​အနီးအနား ​ကျေးရွာ​နေပြည်သူတွေ ​ကြောက်လန့် ထွက်​ပြေး​နေကြရတယ်လို့ သိရပါတယ်။

အခုလို မိုင်းဆွဲတိုက်ခိုက်တာကို အမိ​မြေ ​တော်လှန်​ရေးတပ်ဖွဲ့က လုပ်​ဆောင်ခဲ့တာလို့ ထုတ်ပြန်​ကြေညာထားပါတယ်။

6 mins Ago

November 15, 2021

မင်းကင်းတွင် စစ်​ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ၁၀ ဦးထက်မနည်း ​သေဆုံး

စစ်ကိုင်းတိုင်း က​လေးခရိုင် မင်းကင်းမြို့နယ်မှာ နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းက စစ်​ကောင်စီတပ်ဖွဲ့ကို ​ဒေသခံ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီ​နေ့မနက်ပိုင်း ၁၀ နာရီ​လောက် စစ်​ကောင်စီတပ်ဖွဲ့​တွေ ​ကျောက်ခဲတက်​ကျေးရွာဘက်က​နေ လမ်းမကြီးအတိုင်းမဟုတ်ဘဲ လမ်းကြိုလမ်းကြား​တွေ​နေ ချီတက်လာစဉ် အသင့်​ထောင်ထားတဲ့ မိုင်း နဲ့ဆွဲ တိုက်ခိုက်ခဲ့တာလို့ ​PDF ​ခေါင်း​ဆောင်က ​ပြောပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေ ဝရုန်းသုန်းကားဖြစ်ပြီး ​နောက်ပြန်ဆုတ်​ပြေးကြစဥ် ​ဒေသခံ PDF အဖွဲ့က လိုက်လံပစ်ခတ်တာတွေ ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ကျဆုံးနိုင်တယ်လို့ ဆိုပါတယ်။ 

စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေဟေ စစ်ယူနီ​ဖောင်း​တွေဝတ်ဆင်ပြီး လာတာမဟုတ်ဘဲ အားကစား ​ဘောင်းဘီပုံစံ​တွေ ဝတ်ဆင်လာကြကာ အင်အား ၈၀ ဝန်းကျင်လောက် ရှိတယ်လို့ သိရပါတယ်။

3 months Ago
Up