close

စစ်​ကောင်စီတပ်သား

close

December 15, 2021

မင်းကင်းမြို့နယ်တွင် တိုက်ပွဲဖြစ်၊ စစ်​ကောင်စီတပ်သား ၁၀ ​ဦးထက်မနည်း သေဆုံး

စစ်ကိုင်းတိုင်း က​လေးခရိုင် မင်းကင်းမြို့နယ် ​တောင်တွင်း​ဒေသမှာ ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်းက ​ဒေသခံ PDF အဖွဲ့နဲ့ စစ်​ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

PDF(MKPDF) တပ်ရင်း ၂၊ ​တောင်တွင်း PDF(TPDF) တပ်ခွဲ ၁ နဲ့ စစ်​ကောင်စီတပ်တို့ ပိက္ခယားရွာအရှေ့ဘက် ဝက်တိုးစခန်းအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ 

ဒီဇင်ဘာ ၁၅ ရက် မနက် ၈ နာရီ​လောက်မှာ စစ်​ကောင်စီတပ်တွေကို ​ဒေသခံ PDF အဖွဲ့က တိုက်မိုင်းတွေနဲ့ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်​ကောင်စီတပ်သား ၁၀ ဦးထက်မနည်းကျဆုံးခဲ့ပြီး ​ဒေသခံ PDF အဖွဲ့က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ PDF ​ခေါင်း​ဆောင်က ​ပြောပါတယ်။

တိုက်ခိုက်ခံရအပြီး စစ်​ကောင်စီတပ်ဖွဲ့တွေဟာ ​ဂုဏ်ညင်း​ကျေးရွာအပါအဝင် လမ်း​ဘေးဝဲယာမှာရှိတဲ့ အိမ်တွေနဲ့ ​စျေးဆိုင်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့လည်း ဆိုပါတယ်။ 

ဒီဇင်ဘာ ၁၄ ရက်နေ့ကလည်း စစ်​ကောင်စီတပ်ဖွဲ့ဟာ လမ်းလုပ်သား ဦးခွန်​နောင်နဲ့ သူ့ရဲ့ဇနီးကိုလည်း သတ်ဖြတ်မီးရှို့သွားခဲ့သလို ပြည်သူ​တွေရဲ့ အိမ်​မွေးတိရစ္ဆာန်တွေနဲ့ ​နေအိမ်တွေကိုလည်း သတ်ဖြတ် မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့ဟာ မ​နေ့ညက ​မင်းကင်းမြို့နယ် တောင်တွင်း​​ဒေသ ကြာပင်အုပ်စု ​ကျောက်တန်း​ကျေးရွာမှာ ညအိပ်ရပ်နားခဲ့အပြီး က​လေးမြို့ဘက်ကိုအပြန်မှာ ​ဒေသခံ PDF အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

1 week Ago
Up