close

စစ်​ကောင်စီယာဉ်တန်း

close

March 15, 2022

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် စစ်​ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၃၆ မိုင် ၁ ဖာလုံမှာ စစ်ကောင်စီယာဥ်တန်းကို ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ K.D.D.F က မတ်လ ၁၄ ရက် နေ့လယ် ၂ နာရီ ဝန်းကျင်လောက်မှာ မိုင်းဆွဲတိုက်တိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကား ၄ စီးကို အပြည့်တင်ပြီး မြောက်ဘက်ကနေ တောက်ဘက်ကိုအသွား မိုင်တိုင် ၃၃၆ မိုင် ၁ ဖာလုံ အရောက်မှာ ပဒေသာမိုင်း ၁၀ လုံးဆွဲပြီး တိုက်ခိုက်ခဲ့တာပါ။ မိုင်းခွဲခံရပြီးနောက် သေနတ်နဲ့ အချက် ၃၀ ခန့် ပစ်ခတ်ခဲ့လို့  အချိန်မီ ဆုတ်ခွာခဲ့ရတယ်။” 

တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က အန္တရာယ်ကင်းကင်းနဲ့ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်အကျဆုံးကိုတော့ မသိရသေးပါဘူး။

မတ်လ ၉ ရက် မနက်ပိုင်းကလည်း ကျောက်ဆည်မြို့၊ တံစိုးဂိတ်ရပ်ကွက် လမ်းဆုံမှာ အိမ်စီးကားမှန်အလုံ ၆ စီးပါတဲ့ စစ်ကောင်စီ အကြီးအကဲယာဉ်တန်းကို လမ်းရှင်းပေးနေတဲ့ ရဲနဲ့ ယာဉ်ထိန်းရဲတွေကို ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။

2 mins Ago
Up