close

စစ်​ကောင်စီယာဥ်တန်း

close

February 20, 2022

ယင်းမာပင်မြို့နယ်တွင် စစ်​ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာ ​ဖေ​ဖော်ဝါရီ  ၂၀ ရက် ​နေ့လယ် ၁ နာရီခွဲဝန်းကျင်​လောက်က စစ်​ကောင်စီတပ် ယာဥ်တန်းကို ​ဒေသခံ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်စက္ကဦး​ဆောင်တဲ့ ​​ဒေါင်းမင်း PDF အဖွဲ့က ဖိုလ်ဝင်​တောင်လမ်းခွဲအနီးမှာ စစ်​ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကား ၁ စီး ထိမှန်သွားခဲ့​တယ်လို့ PDF ​ခေါင်း​ဆောင်က ​ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီး​နောက် စစ်​ကောင်စီတပ်ဟာ  လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ​ကြောင့် ​ရွာသာယာကျေးရွာ​အတွင်း ကျ​ရောက်​ပေါက်ကွဲခဲ့တယ်လို့လည်း ဆိုပါတယ်။

ရွာသာယာ​ကျေးရွာက ​ဒေသခံတစ်ဦးကလည်း ​ကျေးရွာအတွင်းကို လက်နက်ကြီးကျည် ကျ​ရောက်​ပေါက်ကွဲတာ ဟုတ်မှန်​ကြောင်းနဲ့ ထိခိုက်ပျက်စီးမှုအခြေအနေ အတိအကျမသိရ​သေးသလို ​ကျေးရွာ​နေပြည်သူတွေ ထွက်​ပြေး​နေကြရ​ကာ ည​နေ ၅ နာရီဝန်းကျင်ထိ ပစ်ခတ်သံ​တွေ ကြား​နေရတယ်လို့ ​ပြောပါတယ်။

စစ်​ကောင်စီတပ်ဖွဲ့ယာဥ်တန်းဟာ မုံရွာဘက်က​နေ အသုတ်ခွဲထွက်လာတာဖြစ်ပြီး တင့်ကား  ၂ စီးအပါအဝင် ကားအစီး​ရေ ၇ စီးလောက် ရှိတယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်တပ်က ထိခိုက်ဒဏ်ရာရမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

12 hours Ago
Up