close

စစ်​ဆေးဂိတ်

close

November 4, 2021

ကျုံပျော်မြို့နယ် အင်းရဲလမ်းဆုံ စစ်​ဆေးဂိတ် ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် အင်းရဲလမ်းဆုံစစ်ဆေးရေးဂိတ်မှာ နို၀င်ဘာ ၄ ရက်​ ဒီနေ့မနက် ၈ နာရီ ၁၅ မိနစ်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့​တယ်လို့ သိရပါတယ်။

ကျုံ​ပျော်မြို့နယ် အင်းရဲလမ်းဆုံစစ်​ဆေးဂိတ်မှာ ဆိုင်ကယ်စီးသူတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီး​ငွေ​တောင်းတဲ့ ဂိတ်တခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဖိနှိပ်ခြင်းကို နေစဉ်နဲ့အမျှ ခံနေရပြီး မတရားဖမ်းဆီးတာတွေလည်း မကြာမဏ ကြုံတွေ့နေရ​တယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

ကျုံပျော်မြို့ဟာ ခုခံတော်လှန်စစ်ကို ဧရာဝတီတိုင်းမှာ ပထမဆုံးလက်နက်စွဲကိုင်တော်လှန်တဲ့ မြို့ဖြစ်ပြီး 

ဧရာ၀တီတိုင်း​မှာ စက်တင်ဘာ ၇ ရက်​ကနေ နို၀င်ဘာ ၃ ရက်​အထိ မြို့ပြ​ ပြောက်ကျားတွေက စီးပွား​ရေးပစ်မှတ်၊ စစ်​ရေးပစ်မှတ်နဲ့ အုပ်ချုပ်​​ရေးပစ်မှတ်​ပေါင်း ၆၀ ​ကျော်ကို တိုက်ခိုက်ခဲ့​တယ်လို့ သိရပါတယ်။

14 mins Ago
Up