close

စစ်‌ကောင်စီထုတ်ကုန်

close

January 20, 2022

မြစ်ကြီးနားတွင် စစ်‌ကောင်စီထုတ်ကုန်များ ရောင်းချမှုနည်းပါးလာ

စစ်တပ်ပိုင်ကုမ္ပဏီတွေကထုတ်လုပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူ ရောင်းချတာမလုပ်ဖို့  ကေအိုင်အို/ကေအိုင်အေက သတိပေးစာထုတ်ပြန်ထားပြီးနောက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ စစ်တပ်ထုတ်ကုန်တွေ လာဝယ်တဲ့သူတွေ နည်းသွားသလို ရောင်းချမှုတွေ မရှိသလောက်နည်းပါးလာပြီလို့ မြို့ခံလုပ်ငန်းရှင်တွေက ပြောပါတယ်။

မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဆိုင်အတော်အများများမှာ   Myanmar Beer ၊ Dagon Beer ၊ ABC Beer စတဲ့ စစ်တပ်ထုတ်ကုန်တွေကို မရောင်းကြတော့သလို ကုန်စုံဆိုင်အကြီး၊ အသေးနဲ့ မြိုတွင်း ရွာစွန်ဖက်ကအစ ရောင်းချတာလျော့သွားပြီလို့ စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။  

စစ်ကောင်စီထုတ်ကုန်တွေ အရောင်းအဝယ်မလုပ်ကြဖို့ ကေအိုင်အိုက ဇန်နဝါရီ ၄ ရက်မှာစာထုတ်သတိပေးခဲ့သလို ထိန်းချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီထုတ်ကုန်တွေ ရောင်းချတာရှိမရှိ လိုက်လံ စစ်ဆေးနေပြီး ကုန်ကားတွေနဲ့ သယ်ယူပို့ဆောင်ရေးကားတွေကိုပါ စစ်ဆေးနေတယ်လို့ ကေအိုင်အို ထိန်းချုပ်နယ်မြေမှာနေထိုင်တဲ့  ရွာခံတဦးကပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ထုတ်ကုပစ္စည်းတွေကို ဝယ်ယူအားပေးတာမလုပ်ဖို့နဲ့ သပိတ်မှောက်ထားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

1 min Ago
Up