close

စစ်‌‌ကောင်‌စီတပ်‌‌

close

December 25, 2022

ခရီးသည်တင်ကားကို စစ်‌‌ကောင်‌စီတပ်‌‌က ပစ်ခတ်သဖြင့် အမျိုးသမီး ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မုံရွာ - မန္တလေးလမ်းမကြီးပေါ်မှာ ဒီဇင်ဘာ ၂၃ ရက်‌ ညနေ ၄ နာရီ‌လောက်‌က ခရီးသည်တင်ယာဉ်ကို စစ်‌‌ကောင်‌စီတပ်‌‌က ပစ်‌ခတ်‌လို့ ကားပေါ်မှာ လိုက်ပါလာတဲ့  ခရီးသည်‌ အမျိုးသမီး တယောက် ကျည်ဆန်ထိမှန် သေဆုံးသွားခဲ့တယ်‌လို့ သိရပါတယ်‌။

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်လှကျေးရွာ ဇရပ်‌အနီးမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ခရီးသည်အဘွားအို တဦးနဲ့ ကားသမားလည်း ဒဏ်ရာရသွားတယ်လို့   ကားသမားနဲ့ နီးစပ်‌သူတစ်‌ဦးက‌ ပြောပါတယ်။ 

“စစ်ကောင်စီယာဉ်ကို ခရီးသည်‌တင်ကား‌က ကျော်တက်‌လိုက်‌တာ။ အဲဒါကိုစစ်‌‌ကောင်‌စီတပ်‌‌တွေက လိုက်‌ပစ်‌ခတ်‌တယ်။ အဲဒီခရီးသည်‌ကားကာ ဟိန်းစတား အံစာတုံးကား၊ အဲဒီကားပေါ်မှာပါလာတဲ့ ခရီးသည်‌အမျိုးသမီးတစ်‌ဦးက ကျည်‌ထိမှန်‌ပြီး‌ နေရာမှာ ပွဲချင်းပြီး သေဆုံးသွားတယ်။ ကားသမားက မျက်လုံးကျည်ထိမှန်၊ အဘွားအိုတယောက်လည်း ခြေထောက်ကျည်ထိမှန်ခဲ့တယ်။”

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး ထိခိုက် ဒဏ်ရာရသူတွေကို ကားအသင်းက ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်‌လို့ သိရပါတယ်‌။

အခုလို ခရီးသည်တင်ကားကို ပစ်ခတ်မှုနဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

12 hours Ago
Up