close

စည်ပင်စက်သုံးဆီဂိုထောင်

close

July 14, 2021

ချမ်းမြသာစည်မြို့နယ် စည်ပင်စက်သုံးဆီဂိုထောင်တွင် ပေါက်ကွဲမှုဖြစ်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂ လမ်း၊ ၁၀၆ လမ်း နဲ့ ၁၀၇ လမ်းကြားရှိ စည်ပင်သာယာ စက်သုံးဆီ ဂိုထောင်မှာ ဇူလိုင် ၁၄ ရက် မနက် ၆ နာရီကျော်က ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။

ပေါက်ကွဲသံ ပြင်းထန်တဲ့အတွက် အနီးအနားပတ်ဝန်းကျင်မှာ တုန်ခါမှုဖြစ်ခဲ့တယ်လို့ ပတ်ဝန်းကျင်ရှိ ပြည်သူတချို့က ပြောကြပါတယ်။

အခုအခါ မီးငြှိမ်းသတ်နိုင်ပြီဖြစ်ပြီး ပေါက်ကွဲမှု ဘယ်လိုဖြစ်တယ်ဆိုတာကို စစ်ဆေးတာတွေ လုပ်နေကာ မီးလောင်မှုကြောင့် ဆုံးရှုံးမှု ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

6 mins Ago
Up