close

စည်ပင်ဌာနမှူး

close

June 14, 2021

ကိုဗစ်ကာကွယ်ဆေး၂ ကြိမ်ထိုးထားသည့် မန္တလေးစည်ပင်ဌာနမှူးနှင့် မိသားစုထံမှ ကိုဗစ်ပိုးတွေ့ရှိ

မန္တလေးမြို့တော်စည်ပင် ဌာနမှူးတစ်ယောက်နဲ့  မိသားစုမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တယ်လို့ စည်ပင်ဝန်ထမ်းတွေထံက သိရပါတယ်။

စည်ပင်ဌာနမှူးအားလုံးဟာ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားပြီးဖြစ်တဲ့ကြားက ရောဂါစစ်ဆေးတွေ့ရှိတာဖြစ်ပါတယ်။

ပထမအကြိမ်ထိုးတဲ့ ကာကွယ်ဆေးကတော့ အန်အယ်လ်ဒီအစိုးရလက်ထက် ပြည်သူအားလုံးကို ထိုးပေးဖို့ဆောင်ရွက်‌ခဲ့တဲ့ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးဖြစ်ပြီး ဒုတိယအကြိမ်ထိုးတဲ့ ဆေးကတော့ စစ်ကောင်စီရဲ့ စီမံမှုနဲ့ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးခဲ့တာပါ။

ဇွန်လ ၁၃ ရက် မနက်ပိုင်းကလည်း တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ကနေ လာရောက်ပြီး စစ်ကောင်စီက ခန့်ထားတဲ့ မြို့တော်ဝန်၊ ကော်မတီဝင်တွေနဲ့ ဌာနမှူး၊ ဒုဌာနမှူးတွေကို ကိုဗစ် ကူးစက်ခံရမှု ရှိမရှိ စစ်ဆေးပေးခဲ့ပါတယ်။

ဇွန်လ ၁၄ ရက်နေ့မှာတော့ စည်ပင်ဝန်ထမ်းတွေကို ကိုဗစ်ကူးစက်ခံရမှု ရှိမရှိ ဆေးပြန်စစ်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

20 seconds Ago
Up